ကလောမြို့နယ်၊ ရေယားဘုန်းကြီးကျောင်း အတွင်း၌ သစ်စက် လုပ်ကိုင်သူများအား ဖမ်းဆီး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Thursday, January 16, 2020

ကလောမြို့နယ်၊ ရေယားဘုန်းကြီးကျောင်း အတွင်း၌ သစ်စက် လုပ်ကိုင်သူများအား ဖမ်းဆီး

ခွန်သန်းအောင်
.
ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအုပ်စု၊ ရေယားဘုန်းကြီးကျောင်းဝန်းအတွင်း၌ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းက ကလောမြို့နယ် သစ်တောဦးစီးဌာနက ဖမ်းဆီးရမိခဲ့သော သစ်စက်နှင့် ပတ်သက်၍ သစ်စက် လုပ်ကိုင်သူများအား ဇန်နဝါရီလ ၁၅ ရက်တွင် ကလောမြို့မရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။
.

ကလောမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးကြည်လင်း ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်၊ နေ့လယ်ပိုင်းက ရေယားဘုန်းကြီးကျောင်းဝန်း၌ တန်ဖိုးငွေကျပ် ၄၅၀၀၀၀ ကျော် တန်ဖိုးရှိ ကျွန်းသစ်လုံး၊ ထင်းရှူးသစ်လုံးများနှင့်အတူ သစ်စက်ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး ယင်းသစ်လုံးများအား ထုတ်လုပ် ခွဲစိတ်သူများမှာ ရေယားကျေးရွာနေ ဦးဖိုးထောင် (ခ) သက်နိုင်၊ ဦးကျော်သူ၊ ဦးကံချွန်းတို့ ဖြစ်ကြောင်း သိရသဖြင့် တစ်လခန့်အကြာ ဇန်နဝါရီလ ၁၅ ၊ ညနေပိုင်း၌ ၎င်းတို့အား သစ်တောဥပဒေအရ အရေးယူပေးရန် ကလောမြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ တိုင်ကြားချက်အရ တရားမဝင် သစ်စက်နှင့် သစ်များ ထုတ်ယူသည့် ဦးဖိုးထောင် (ခ) သက်နိုင်၊ ဦးကျော်သူ၊ ဦးကံချွန်းတို့အား ကလောမြို့မရဲစခန်းမှ (ပ) ၉/၂၀၂၀၊ သစ်တောဥပဒေ ပုဒ်မ ၄၂(က)(ခ)ဖြင့် အမှုဖွင့်၍ ဖမ်းဆီးကာ စစ်ဆေးလျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats