သိန္နီ ရေပူ စစ်ဆေးရေးစခန်း၌ အမိုနီယမ်နိုက်ထရိုတ် ၉၅ အိတ်ကို ဖမ်းဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, January 15, 2020

သိန္နီ ရေပူ စစ်ဆေးရေးစခန်း၌ အမိုနီယမ်နိုက်ထရိုတ် ၉၅ အိတ်ကို ဖမ်းဆီး

ကိုညီ (သိန္နီ)
.
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်ရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ ဇန်နဝါရီ ၁၄ ရက်၊ ညနေပိုင်းတွင် express ခရီးသည်တင်ယာဉ်ပေါ်မှ အမိုနီယမ်နိုက်ထရိုတ် ၉၅ အိတ်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.

မူဆယ်မြို့ဘက်မှ လားရှိုးမြို့ဘက်သို့ မောင်းနှင်လာသော ​ရွှေ​ပေါ်ထွန်း ခရီးသည်တင် ယာဉ်အား ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း တာဝန်ခံ ဦကိုကိုနိုင်နှင့် ရေပူဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ တားဆီးစစ်ဆေးခဲ့ရာ ခရီးသည် ကုန်စည်များနှင့် ရောနှော သယ်ဆောင်လာသော ခန့်မှန်းတန်ဖိုး​ငွေ ၂၃၇ သိန်း​ကျော်ခန့် တန်ဖိုးရှိ အမိုနီယမ်နိုက်ထရိုတ် (40) kg ၉၅ အိတ်ကို ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အမိုနီယမ်နိုက်ထရိုတ်သည် ​ဒေသန္တရမိုင်း ပြုလုပ်ရာတွင် အသုံးပြုနိုင်ပြီး တင်သွင်းရန် ကန့်သတ် တားမြစ်ထား​သော ကုန်ပစ္စည်း ဖြစ်​ကြောင်း ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ တာဝန် ရှိသူတစ်ဦးက ​ပြောသည်။
.
အဆိုပါ ဖမ်းဆီးရမိသော အမိုနီယမ်နိုက်ထရိုတ်နှင့် မော်တော်ယာဉ်အား အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats