တောင်ကြီးမြို့ရှိ ဂနိုင်ကန်အတွင်းသို့ အမျိုးသား တစ်ဦး ခုန်ချသေဆုံး - Kanbawza Tai News

Breaking

Boxed(True/False)

Friday, January 10, 2020

တောင်ကြီးမြို့ရှိ ဂနိုင်ကန်အတွင်းသို့ အမျိုးသား တစ်ဦး ခုန်ချသေဆုံး


စုလှိုင်
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ ဂနိုင်ကန်အတွင်းသို့ ယနေ့ (ဇန်နဝါရီလ ၁၀ရက်) နံနက်ပိုင်းက အမျိုးသား တစ်ဦး‌ ခုန်ချ၍ သေဆုံးခဲ့ကြောင်း သိရသည်။
.
" ဆိုင်ကယ်နဲ့ ရောက်လာတာ။ ဂနိုင်ကန် ပတ်လမ်းမှာ ဆိုင်ကယ်ကို ရပ်ပြီး ရေကန်ဘောင်ကို ကျော်တတ်တယ်။ ပြီးတော့ ရေကန်ထဲကို ခုန်ချလိုက်တာပေါ့။ သေတဲ့သူက မြို့မရပ်ကွက်ထဲကပါ။ဟု တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် အုပ်ချူပ်ရေးမှူး ဦးထွန်းမြင့်ဦးမှ ပြောသည်။
.

သေဆုံးသူမှာ တောင်ကြီးမြို့၊ မြို့မရပ်ကွက်နေ အသက် ၃၄ နှစ်အရွယ် ကိုသီဟစော ဆိုသူဖြစ်ပြီး သေဆုံးသူရဲ့ ရုပ်အလောင်းကို ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူတွေကို ဝိုင်းဝန်း ရှာဖွေခဲ့ရာ မိနစ် ၃၀ ကျော်ခန့် အကြာ၌ ရုပ်အလောင်းကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ တောင်ကြီးမြို့မ ရဲစခန်းမှ အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်နေလျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)