ရပ်စောက်တွင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကောမတီ၏ လုပ်ငန်းများ မျှဝေ - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, December 29, 2019

ရပ်စောက်တွင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကောမတီ၏ လုပ်ငန်းများ မျှဝေ


ထမံသီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့တွင် ဒီဇင်ဘာလ ၂၈ ရက်၊ နံနက်ပိုင်းက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ လှုပ်ရှားဆောင်ရွက်မှုများကို အမျိုးသမီးနှင့် ငြိမ်းချမ်းရေးလှုပ်ရှားမှုကွန်ရက် (ရှမ်းပြည်နယ်) မှ လာရောက် မျှဝေ ဟောပြောခဲ့ကြောင်း သိရသည်။
.
 
.
အဆိုပါ ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်မှ အမှာစကားပြောကြားပြီး တောင်ကြီးအခြေပြု အမျိုးသမီးနှင့် ငြိမ်းချမ်းရေးလှုပ်ရှားမှုကွန်ရက်(ရှမ်းပြည်နယ်)မှ ဒေါ်မေသော်၊ ဒေါ်၀ါ၀ါထွန်းတို့က ကျား/မ ရေးရာနှင့် ကျားမအခြေပြုအကြမ်းဖက်မှု အကြောင်းတို့အား တက်ရောက်သူများနှင့် အတူဦးဆောင်ဆွေးနွေး ခဲ့ကြောင်း သိရသည်။
.
ဆွေးနွေးပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်၊ မြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ ပအိုဝ်းစာပေနှင့် ယဉ် ကျေးမှုတိုးတက်ဖွံ့ဖြိုးရေးအဖွဲ့နှင့် ဖိတ်ကြားထားသူ ၄၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
.
ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၈ ရက် မှ ၂၉ ရက်အထိ၊ ၂ ရက်ကြာ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)