ရပ်စောက်တွင် မိန်းကလေးငယ်တစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Sunday, December 29, 2019

ရပ်စောက်တွင် မိန်းကလေးငယ်တစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ဟွှေးကျေးရွာအုပ်စု၊ အုတ်ကျင်းကျေးရွာတွင် ဒီဇင်ဘာလ ၂၉ ရက်၊ နံနက်ပိုင်းက အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
.
.
ဟွှေးကျေးရွာအုပ်စု၊ အုတ်ကျင်းကျေးရွာတွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းအရ ရပ်စောက်မြို့မရဲစခန်းမှ ဒုရဲမှူးခင်မောင်ဦးနှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အခင်းဖြစ်နေအိမ်သို့ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မခိုင်သဇင်မြင့် (၁၄ နှစ်) ဆိုသူဖြစ်ပြီး နေအိမ်ဧည့်ခန်းအတွင်း အမြင့် ၈ ပေ ရှိ ထုပ်တန်း၌ မဝတ်လုံခြည် ၂ ထည်အား ဆက်၍ ကြိုးဆွဲချသေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
.
သေဆုံးသူသည် ကျန်းမာရေးမကောင်းသူဖြစ်ပြီး ဖခင်မှာ မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျနေကာ မိခင်မှာ လွန်ခဲ့သည့် ၆ လခန့်က နေအိမ်မှာ ထွက်ခွာသွားခြင်းနှင့် မိသားစု စားဝတ်နေရေး အဆင်မပြေမှုတို့ကြောင့် စိတ်ဓါတ်ကျကာ ကြိုးဆွဲချ သေဆုံးခြင်းဖြစ်ကြောင်း အိမ်နီးချင်းနေ အဒေါ်ဖြစ်သူထံက သိရသည်၊။
.
အဆိုပါ မိန်းကလေး သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် ရပ်စောက်မြို့မ ရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၁၂/၂၀၁၉) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)