မြေနေရာ ပြန်လည်ရရှိရေးအတွက် ရပ်စောက်၊ ကန်တော်ကျေးရွာလူထု ဆန္ဒဖော်ထုတ် - Kanbawza Tai News

Breaking

Boxed(True/False)

Monday, December 30, 2019

မြေနေရာ ပြန်လည်ရရှိရေးအတွက် ရပ်စောက်၊ ကန်တော်ကျေးရွာလူထု ဆန္ဒဖော်ထုတ်


ထမံသီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ ကန်တော်ကျေးရွာ နေ လူထုမှ ၎င်းတို့လုပ်ကိုင်စားသောက်ခဲ့သည့် မြေနေရာနှင့် ရွာသစ်တည်ရန် မြေနေရာ ပြန်လည်ရရှိရေးအတွက် ဒီဇင်ဘာလ ၃၀ ရက်၊ နံနက်ပိုင်းက ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။
.
.
ဆန္ဒဖော်ထုတ်လှည့်လည်ခြင်းကို ကန်တော်ကျေးရွာအနီး ကန်တော်ကန်ဆိုင်းဘုတ်မှ ယမ်းတွင်းငါးကြောင်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရုံးရှေ့အထိ ပြုလုပ်ခဲ့ပြီး ယခင်ခရိုင်မြေစာရင်းဦးစီးမှူး ဦးစိန်လင်းနှင့် ၃ ဦးတို့အား အမြန်ဆုံး အရေးယူပေးရေး၊ ရွာသစ်တည်ရန်မြေနေရာ အမြန်ပြန်ပေး စသည့်ဗီနိုင်းဆုတ်ဘုတ်များ ကိုင်ဆောင်၍ ဆန္ဒဖော်ထုတ် ခဲ့ခြင်းဖြစ်ကာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် တောင်သူများ၏ နစ်နာမှုများနှင့် ပတ်သက်၍ ဟောပြောခဲ့ ကြောင်း သိရသည်။
.
ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင် ကျေးရွာအုပ်စု၊ ကန်တော်ကန် အနီးတွင် ရွာသစ်တည်ရန် အတည်ပြု သတ်မှတ်ထားသည့်မြေကွက်နှင့် တောင်သူမြေများအား ရောင်းချခဲ့သည်ဟု ဆိုကာ ယခင် ရှမ်းပြည်နယ် မြေစာရင်း ဦးစီးမှူးနှင့် ဝန်ထမ်းများကို အရေးယူ ပေးရန် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဌာနများသို့ တိုင်ကြားထားပြီးဖြစ်ကာ ယခုအခါ ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ရွာသစ်တည်ရန် လျာ ထားမြေ ၄၅ ဧကမှာ ကန်တော်ကွင်း အမှတ် (၁၉၈)၊ ဦးပိုင်အမှတ် (၁၆)တွင် တည်ရှိပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်၊ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့် ခွဲမှု ကော်မတီဝင်များ၊ ယခင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာန (မြေစာရင်း)မှ ဦးစီးမှူး ဦးခင်မောင်ဝင်း၊ တိုက်နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖတို့မှ အတည်ပြုပြီးဖြစ်ကာ အလံများလည်း သတ်မှတ် စိုက်ထူထားပြီးဖြစ်သော် လည်း ယခင် ခရိုင်မြေစာရင်းဦးစီးမှူး ဦးစိန်လင်း၊ ယခင် ရှမ်းပြည်နယ်မြေစာရင်းဦးစီးမှူး ဦးတင်ဆန်း၊ ဒုတိယ ပြည်နယ်မြေစာရင်းဦးစီးမှူး ဦးအုန်းမြိုင်တို့မှ ၎င်းတို့ပိုင်မြေကွက်ဟုဆိုကာ ရပ်စောက်မြို့ရှိ လုပ်ငန်းရှင်တစ်ဦးထံသို့ ငွေကျပ် ၃၅ သန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး ဝယ်ယူသူ လုပ်ငန်းရှင်မှ တောင်သူများ စိုက်ပျိုးထားသည့် ပြောင်းခင်း များအား စက်ယန္တရားများဖြင့် ဝင်ရောက်ထိုးဖျက်ခဲ့ခြင်းကြောင့် တောင်သူများ၏ သီးနှံများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း တောင်သူ ဦးမာဒင်ထံက သိရသည်။
.
ထိုသို့ဆန္ဒဖေါ်ထုတ်တောင်းခံသည့်မြေမှာ ၁၉၈၆ ခုနှစ် ဇွန်လ၌ နိုင်ငံတော်အစိုးရ၏ ကော်ဖီစီမံကိန်းဆောင်ရွက်ခဲ့ သည့် ဧက ၅၅၀ တွင်ပါဝင်ပြီး၊ ၁၉၉၂-၁၉၉၃ က စီမံကိန်းမီလောင်ပျက်စီး ဆုံးရှုံးပြီးနောက် စီမံကိန်း မစမီနှင့် ၁၉၉၄-၁၉၉၅ ခုနှစ်တွင် စီမံကိန်းသို့ လာရောက်အလုပ်လုပ်သည့် ရပ်ဝေးအလုပ်သမား မိသားစုများ၊ ဒေသခံအချို့တို့မှ နေရပ်သို့မပြန်ဘဲ တောရိုင်းများအားခုတ်ထွင်ရှင်းလင်း၍ မိသားစုဘဝရပ်တည်မှု နှင့် စားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်ခဲ့သည်မြေကွက်ဖြစ်သည်ဟု ဒေသခံများထံက သိရသည်။
.
လက်ရှိကန်တော်ရွာသူရွာသားများအနေဖြင့် (၈၅) ဧကခန့်ကျယ်ဝန်းသည့် ကန်တော်ကန်၏ အ နောက်ဘက်ကမ်းတွင်အိမ်ခြေ ၂၀၊ မြောက်ဘက်တွင် ၁၁ အိမ်၊ တောင်ဘက်တွင် ၁၉ အိမ်၊ ကန်ပြင်ပတွင် ၅ အိမ်၊ စုစုပေါင်း အိမ်ခြေ ၅၅ အိမ်မှ အိမ်ထောင်စု ၇၀ ၊ လူဦးရေ ၂၄၀ ခန့် တစ်ကွဲတစ်ပြားစီ နေထိုင်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)