ရပ်စောက်၌ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Tuesday, December 3, 2019

ရပ်စောက်၌ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံး


ထမံသီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့တွင် ဒီဇင်ဘာလ ၂ ရက်၊ ညနေပိုင်းက နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
.
.
ရပ်စောက်မြို့၊ မြို့ဦးရပ်ကွက်၊ နယ်မြေ (၅) နေ ဦးဇော်ခမ်းထူးသည် ဒီဇင်ဘာလ ၂ ရက်၊ ညနေ ၄ နာရီခန့်တွင် ဟင်းအိုးတည်ပြီးနောက် ကားဝပ်ရှော့တစ်ခုသို့ သွားရောက်နေစဉ် နေအိမ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ဦးဇော်ခမ်းထူး၏ အလျား ၂၀ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၈ ပေရှိ သွပ်မိုးထရံကာ မြေစိုက်နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ မီးပေါ့ဆစွာ သုံးစွဲသူ ဦးဇော်ခမ်းထူးအား ရပ်စောက်မြို့မရဲစခန်းမှ (ပ)၁၄၃/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats