ရွာငံ-ဟန်မြင့်မိုရ်လမ်း အပိုင်း(၂) အား ၂ နှစ်စီမံကိန်းဖြင့် လမ်းချဲ့ ကတ္တရာ ခင်းသွားမည် - Kanbawza Tai News

Breaking

Boxed(True/False)

Friday, December 27, 2019

ရွာငံ-ဟန်မြင့်မိုရ်လမ်း အပိုင်း(၂) အား ၂ နှစ်စီမံကိန်းဖြင့် လမ်းချဲ့ ကတ္တရာ ခင်းသွားမည်


စိုင်းရာဇာ
.
မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ်တို့အား ဆက်သွယ်ထား သည့် ရွာငံ-ဟန်မြင့်မိုရ်လမ်း အပိုင်း ၂ လမ်း နယ်ချဲ့ထွင်ခြင်းနှင့် ကတ္တ ရာ ခင်းခြင်းလုပ်ငန်းများကို ၂ နှစ်စီ မံကိန်းဖြင့် ဆောင်ရွက်သွားမည် ဖြစ် ကြောင်း သိရသည်။
.
 
.
အဆိုပါ ရွာငံ-ဟန်မြင့်မိုရ်လမ်း အပိုင်း (၂) သည် လက်ရှိတွင် ၁၂ ပေ အကျယ်ရှိပြီး မြေသားလမ်း ၃၄ ပေ အကျယ်ဖောက်လုပ်၍ ကတ္တရာ လမ်း ၁၈ ပေအကျယ်၊ အရှည် ၁၈ မိုင်၊ ၅ ဖာလုံ ခင်းကျင်းဖောက်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
.
လမ်းအပိုင်း (၂) ကို လုပ်မယ်။ အဲဒီလမ်းက အရင်က ၁၂ ပေပဲ ရှိ တယ်။ ၂ နှစ်လောက် တော့ကြာမယ်” ဟု လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့ (၄)မှ တာဝန်ရှိသူတစ်ဦးက ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
ဆင်းရဲမှု လျှော့ချရေးအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ခြင်း စီမံကိန်း အပိုင်း (၂) အနေဖြင့် ဟန် မြင့်မိုရ်-မြို့ကြီး-ရွာငံ-အောင်ပန်း လမ်းတွင် ဆောင်ရွက်မည့် လုပ် ငန်းများနှင့် ပတ်သက်၍ ဒေသ ခံ ပြည်သူများ၊ လွှတ်တော် ကိုယ်စား လှယ်များနှင့် သက်ဆိုင်ရာ အဖွဲ့ အစည်းများ တွေ့ဆုံ ဆွေးနွေးပွဲ ကို ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေ သ၊ ရွာငံမြို့နယ် ဗထူးခန်းမတွင် ဒီဇင်ဘာလ ၁၀ ရက်က ပြုလုပ်ခဲ့ ကြောင်း သိရသည်။
.
လုပ်ငန်း ဆောင်ရွက်နေစဉ်အ တွင်း ကြုံတွေ့လာနိုင်မည့် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာများအား ပတ်ဝန်း ကျင် စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်း၍ လမ်းဦးစီးဌာနနှင့် ကုမ္ပဏီတို့မှ တာ ဝန်ရှိသူများက ဖြေရှင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ရွာငံ-ဟန်မြင့်မိုရ်လမ်း ကို အပိုင်း ၂ ပိုင်းဖြင့် ပြုပြင်ဆောင် ရွက်လျက်ရှိပြီး ကတ္တရာလမ်းသစ် ခင်းခြင်း၊ RC တံတားတိုးချဲ့ တည် ဆောက်ခြင်း၊ Box Culvert များ၊ Guard Rail and Guard Wall များ၊ မြေထိန်းနံရံများ၊ ကျောက်စီရေ မြောင်းများ တည်ဆောက်ခြင်း၊ Road Furniture များ ပြုလုပ်ခြင်း တို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ရွာငံ-ဟန်မြင့်မိုလမ်း အပိုင်း (၁) ကို ၂၀၁၅ ခုနှစ်မှ စတင်ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် အ ပြီးသတ် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ် ကြောင်း သိရသည်။
.
အဆိုပါ ရွာငံ-မြို့ကြီး-ဟန်မြင့် မိုရ်လမ်းပိုင်းသည် အရှည် ၇၉ မိုင် ၁ ဖာလုံ ရှည်လျားပြီး မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်မြို့နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်း၊ ရွာငံမြို့ နယ်တို့ကို ဆက်သွယ်ပေးထား သည့် အဓိကလမ်းမကြီးတစ်ခုဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)