ရွာငံတွင် ကျပ်သိန်း ၄၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူနှင့်အတူ ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Tuesday, December 3, 2019

ရွာငံတွင် ကျပ်သိန်း ၄၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူနှင့်အတူ ဖမ်းမိ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ဒီဇင်ဘာလ ၂ ရက်၊ ညပိုင်းက မော်တော်ယာဉ်တစ်စီးပေါ်မှ ကျပ်သိန်း ၄၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
မူးယစ်တပ်ဖွဲ့စု (၂၅( တောင်ကြီးမှ ရဲအုပ်အေးမင်းထွန်းနှင့် အဖွဲ့သည် ရွာငံမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်ကျော်ထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ သက်သေများနှင့်အတူ ဒီဇင်ဘာလ ၂ ရက်၊ ည ၁၀ နာရီခန့်က ရွာငံမြို့နယ်၊ ကျောက်ကူပြင်ကျေးရွာ၊ နတ်စင်ကုန်းအနီး၊ အောင်ပန်း-ဟန်မြင့်မိုရ်သွားကားလမ်း၊ မိုင်တိုင်အမှတ် (၂၈/၂) တွင် မူးယစ်ဆေးဝါးသတင်းအရ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ် ရွာငံဘက်မှ ဟန်မြင့်မိုရ်ဘက်သို့ နမ့်ခမ်းမြို့နယ်နေ စိုင်းအုန်းကျော် (ခ) အားလင် (၃၂ နှစ်) မောင်းနှင် လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေခဲ့ရာ ယာဉ်အတွင်း သိုဝှက်သယ်ဆောင်လာသည့် ဘိန်းဖြူမှုန့် ဟု ယူဆရသော ဖြူဝါရောင်အမှုန့်များ ထည့်ထားသည့် ဆပ်ပြာခွက် ၆၆ ခွက်၊ ကာလတန်ဖိုး ၁၀၈၉၀၀၀၀ ကျပ်နှင့် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါ ၁၈၀ ထုပ်၊ ကာလတန်ဖိုး ၃၆၀၀၀၀၀၀ ကျပ်၊ စုစုပေါင်း တန်ဖိုး ၄၆၈၉၀၀၀၀ ကျပ်အား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရွာငံမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက “ကွင်းဆက်တွေ လိုက်နေပါတယ်” ဟု ပြောဆိုခဲ့သည်။
.
သို့ဖြစ်၍ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ စိုင်းအုန်းကျော် (ခ) အားလင် အား ရွာငံမြို့မရဲစခန်းမှ မယ(ပ) ၁၅/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats