Vivo S1 Pro ကို ဇန်နဝါရီလ ၄ ရက်တွင် စတင်မိတ်ဆက်မည် - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Monday, December 30, 2019

Vivo S1 Pro ကို ဇန်နဝါရီလ ၄ ရက်တွင် စတင်မိတ်ဆက်မည်


ကမ္ဘောဇတိုင်း
.
Vivo ရဲ့  စမတ်ဖုန်းအသစ် မော်ဒယ်တစ်မျိုးဖြစ်တဲ့ S1 Pro ကို လာမယ့် ဇန်နဝါရီလ ၄ ရက်မှာ အိန္ဒိယမှာ စတင် မိတ်ဆက်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။
.
 
.
Vivo India က သူ့ရဲ့ Twitter အကောင့်မှာ S1 Pro ရဲ့ပုံကို စတင်ပြသခဲ့ပြီးတော့ မိတ်ဆက်ပြသမယ့်ရက်ကို လည်း ကြေညာထားပါတယ်။
.
အသစ်ထွက်ရှိလာမယ့် Vivo S1 Pro စမတ်ဖုန်းဟာ Snapdragon 675 SoC နဲ့ ထွက်ရှိလာမှာဖြစ်ပြီး  Notchless နဲ့ ကျောဘက်ကင်မရာ ၃ လုံးပါဝင်လာမှာ ဖြစ်ပါတယ်။
.
မျက်နှာပြင်အရွယ်အစားကတော့ ၆ ဒသမ ၃၈ လက်မအရွယ် FHD+ Super AMOLED ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
.
ကင်မရာတွေကတော့  48MP Main နဲ့အတူ 8MP Ultrawide , 2MP Depth နဲ့ 2MP Macro ကင်မရာတွေ တပ်ဆင်ထားပြီး 32 MP ရှိတဲ့ Selfie ကင်မရာကို Notch မှာ ထည့်သွင်းတပ်ဆင်ထားးပြီး Fingerprint Sensor ကို display မှာ တပ်ဆင်ထားပါတယ်။
.
Operating System အနေနဲ့ Andriod Pie အခြေခံ Funtouch OS 9.2 နဲ့ ထွက်ရှိလာမှာဖြစ်ပြီး RAM 8 Gb နဲ့ Storage 128 Gb ပါရှိလာမှာဖြစ်ပြီး mscroSD ကတ်နဲ့လည်း 256 Gb အထိ တိုးမြှင့်အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရ ပါတယ်။
.
ဘက်ထရီကတော့ 4,500 mAh ပါဝင်မှာဖြစ်ပြီး USB Type C နဲ့အတူ 18 Watt Fast Charging ကိုလည်း အသုံးပြုနိုင်မယ်လို့ သိရပါတယ်။
.
Vivo S1 Pro ကို အိန္ဒိယမှာ Fancy Sky နဲ့ Blue အရောင်တွေ ရောင်းချပေးသွားမှာဖြစ်ပြီး ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။
.
Ref ; GSMARENA
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)