တောင်ကြီးမြို့၊ ဝါးပြားလမ်းဆုံရှိ လမ်းနယ်ပေါ်ရောက်နေသော တရုတ်ဘုံကျောင်းအား ရှမ်းပြည်နယ်အစိုးရ၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမည် - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Friday, December 27, 2019

တောင်ကြီးမြို့၊ ဝါးပြားလမ်းဆုံရှိ လမ်းနယ်ပေါ်ရောက်နေသော တရုတ်ဘုံကျောင်းအား ရှမ်းပြည်နယ်အစိုးရ၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမည်


စိုင်းရာဇာ
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ် ကွက်၊ ဝါးပြားလမ်းဆုံအနီးရှိ ကွမ် ရင်မယ်တော် တရုတ်ဘုံကျောင်းမှာ လမ်းမြေပေါ်တွင် ရောက်ရှိ နေသ ဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဆုံး ဖြတ်ချက်အတိုင်းသာ  ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
.
 
.
အဆိုပါ ကွမ်ရင်မယ်တော်ဘုံ ကျောင်း ပရိဝုဏ်မှာ လမ်းနယ်ပေါ်သို့ ပေ ၃၀ ခန့် ကျူးကျော်ရောက်ရှိနေ ပြီး ဖယ်ရှားရှင်းလင်းနိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြ ထားကြောင်း တောင်ကြီးမြို့နယ် စည် ပင်သာယာရေးဌာနမှသိရသည်။
 .
ပေ ၃၀ ကျော်လောက် ကျူးနေ တယ်။ အစိုးရအဖွဲ့ကို တင်ပြထား တယ်။ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက် အတိုင်းပဲ လုပ်ဆောင်သွားမယ်” ဟု တောင်ကြီးမြို့နယ်စည်ပင်သာယာ ရေးဌာနမှ အမှုဆောင်အရာရှိ ဦး အေးကိုက ပြောသည်။
.
တောင်ကြီးမြို့၊ အနောက်မြို့ ပတ်လမ်း အဆင့်မြှင့်တင် ပြုပြင်ရေး နှင့် ပတ်သက်၍ အပိုင်း (၁)အဖြစ် မြို့ဝင် မြေပုံဆိုင်းဘုတ်မှ နဂါးပွက် ကျောင်းလမ်းဆုံအထိ ၁ ဒသမ ၈၃ မိုင်ကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကာ အပိုင်း (၂)အဖြစ် နဂါးပွက်ကျောင်း လမ်းဆုံမှ ဂနိုင်ကန်လမ်းဆုံ အထိ ၁ ဒသမ ၃၆ မိုင် ယခုနှစ်တွင် ပြင် ဆင်သွားမည်ဖြစ်ပြီး အပိုင်း (၃) အ ဖြစ် ဂနိုင်ကန်လမ်းဆုံမှ ကျောက်တ လုံးလမ်းဆုံ အထိ ၁ ဒသမ ၄၂ မိုင် ကို ဘဏ္ဍာငွေခွဲဝေ ရရှိမှုပေါ် မူ တည်၍ လုပ်ဆောင်သွား မည်ဖြစ်  ကြောင်း တောင်ကြီးမြို့နယ်စည်ပင် သာယာရေးဌာနမှ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)