တောင်ကြီး မြို့မဈေးမီးပွိုင့်တွင် ယာဉ်မထွက်ရဆိုင်းဘုတ် ချိတ်ဆွဲထားခြင်း မရှိဘဲ ဒဏ်ကြေး ကောက်ခံမှုများ ပြုလုပ်နေဟု ဆို - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, December 26, 2019

တောင်ကြီး မြို့မဈေးမီးပွိုင့်တွင် ယာဉ်မထွက်ရဆိုင်းဘုတ် ချိတ်ဆွဲထားခြင်း မရှိဘဲ ဒဏ်ကြေး ကောက်ခံမှုများ ပြုလုပ်နေဟု ဆို


စုလှိုင်
.
တောင်ကြီးမြို့၊ မြို့မစျေး မြောက်ဘက် မီးပွိုင့်အနီး၊ ကုန်သည် လမ်းတွင် ယာဉ်မထွက်ရ တစ်လမ်း မောင်းဆိုင်းဘုတ်များကို သိသာထင် ရှားစွာ ချိတ်ဆွဲထား ခြင်းမရှိဘဲ မသိ ၍ ထွက်လာသည့် ယာဉ်များကို ဒဏ် ကြေးကောက်ခံမှုများ ရှိနေကြောင်း သိရသည်။
.
 
.
အများပြည်သူ ပွင့်လင်းမြင် သာအောင် သိသာထင်ရှားတဲ့ ဆိုင်း ဘုတ်တွေကို သေချာချိတ်ထား စေ ချင်တယ်။ မထွက်ရလမ်း ဆိုရင် ဘယ်ယာဉ်မှ ပေးမထွက်စေချင်ဘူး။ တွန်းလှည်းဆိုရင် ထွက်လို့ရတယ်။ ဆိုင်ကယ်တွေဆိုရင် တွန်းထွက်နေ ကြတယ်။ တစ်ဘက်ယာဉ်ကြောကို အနှောင့်အယှက် ဖြစ်စေတာဖြစ်လို့ ဘယ်ယာဉ်မှ ပေးမထွက်စေချင်ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့၊ အမှတ် (၁၈) ယာဉ် ထိန်းရဲ၊ ဒုတပ်ဖွဲ့ခွဲမှူး (ရှမ်းတောင်) မှ ရဲမှူး ထွန်းနိုင်အောင်က “မထင်မ ရှားဖြစ်နေတဲ့ ဆိုင်းဘုတ်တွေရှိရင် ထင်ရှားအောင် လုပ်ပေးသွားမယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးမှုတွေလည်း များများပြု လုပ်သွားဖို့ရှိပါတယ်” ဟု ပြောသည်။
.
တောင်ကြီးမြို့၊ မြို့မစျေးတောင် ဘက်ရှိ တပင်ရွှေထီးလမ်းအား မြို့မ စျေးမှ အထွက်လမ်းအဖြစ် သတ်မှတ် ထားပြီး မြောက်ဘက်ရှိ ကုန်သည် လမ်းအား အဝင်လမ်းအဖြစ် တစ် လမ်းမောင်းစနစ် သတ်မှတ်ပေးထား ခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)