ပင်လုံကျောက်တိုင်ရှိ တောင်တန်း-ပြည်မပေါင်းစည်းရေး စာသားအား ပြည်ထောင်စုနေ့ မတိုင်မီ အပြီး ပြင်ဆင်မည် - Kanbawza Tai News

Breaking

Boxed(True/False)

Wednesday, December 25, 2019

ပင်လုံကျောက်တိုင်ရှိ တောင်တန်း-ပြည်မပေါင်းစည်းရေး စာသားအား ပြည်ထောင်စုနေ့ မတိုင်မီ အပြီး ပြင်ဆင်မည်

စိုင်းရာဇာ
.
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင် လင်ခရိုင်၊ ပင်လုံမြို့ရှိ ပင်လုံကျောက် တိုင်တွင် မူလက ရေးထိုးထားသော တောင်တန်း-ပြည်မ ပေါင်းစည်းရေး ကမ္ဗည်းမော်ကွန်းစာသားအား လာ မည့် ၇၃ နှစ်မြောက် ပြည်ထောင်စု နေ့ မတိုင်မီ အပြီးပြင်ဆင်ဆောင် ရွက်မည်ဖြစ်ကြောင်း သိရသည်။
.
 
.
ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် ၁၇ ကြိမ်မြောက်ပုံမှန် အစည်းအဝေး တတိယနေ့ကို ဒီဇင် ဘာလ ၁၈ ရက်က ကျင်းပရာ မိုင်း ရှူးမြို့နယ် မဲန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလင်းမြတ်၏ ကြယ်ပွင့်ပြမေး ခွန်း မေးမြန်းမှုအပေါ် ပြည်နယ်စည် ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း က ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ ခြင်းဖြစ်သည်။
.
သမိုင်းဝင် ပြည်ထောင်စုနဲ့ သက်ဆိုင်တဲ့ ပင်လုံ ကတိကဝတ် စာချုပ် ချုပ်ဆိုတဲ့နေရာ အထိမ်းအ မှတ် ကျောက်တိုင်ပေါ်မှာ ထွင်းထု ထားတဲ့ ပြည်မ-တောင်တန်း ပူးပေါင်း ရေးစာတန်းနဲ့ ပတ်သက်လို့ မူလက တောင်တန်း-ပြည်မ ကျောက်တိုင် ဟု ရေးသားခဲ့ပြီး ယခုအခါ ပြည်မ-တောင်တန်း ပူးပေါင်းရေး ကျောက် တိုင်လို့ ရေးထွင်းခဲ့မှုအပေါ် မူလအ တိုင်း ပြန်လည်ပြင်ဆင် ရေးထွင်းပေး ရန် အစီအစဉ် ရှိ/မရှိ” ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်း လင်းမြတ်က လွှတ်တော်တွင်ကြယ် ပွင့်ပြ မေးခွန်း မေးမြန်းခဲ့ခြင်း ဖြစ် သည်။
.
ပင်လုံကျောက်တိုင်ရဲ့ မူလစာ သားဖြစ်တဲ့ တောင်တန်း-ပြည်မ ပူး ပေါင်းရေးကျောက်တိုင် စာသားအ တိုင်း ပြန်လည်ပြင်ဆင်ထွင်းထု သွားမယ်။ မူလအတိုင်း တောင်တန်း- ပြည်မလို့ ပြင်ဆင်ရေးထိုးဖို့ ရှမ်း ပြည်နယ် အစိုးရအဖွဲ့အစည်းအဝေး မှာ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။ မူ လစာသားဖြစ်တဲ့ တောင်တန်း-ပြည် မပူးပေါင်းရေး ကျောက်တိုင်ဆိုတဲ့ စာသား ပြန်လည်ထွင်းထုခြင်းလုပ် ငန်းကို လာမယ့် ၇၃ နှစ်မြောက် ပြည် ထောင်စုနေ့အမီ ပြင်ဆင်ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်” ဟု  ရှမ်း ပြည်နယ် စည်ပင်သာယာရေးဝန် ကြီး ဦးစိုင်းစွံဆိုင်း ပြန်လည် ဖြေ ကြားခဲ့သည်။
.
အဆိုပါ ကျောက်တိုင်တွင် ရေး ထိုးထားသော စာသားနှင့် ပတ်သက် ၍လည်း ပြည်ထောင်စုလွှတ်တော် တွင် ညောင်ရွှေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုး က ကြယ်ပွင့်မပြ မေးခွန်းအဖြစ် မေး မြန်းထားကြောင်း သိရသည်။
.
ထို့အတူ ကျောက်တိုင်အနီး ထောင်ထားသည့် ပင်လုံစာချုပ် လက်မှတ် ရေးထိုးထားခဲ့သည့်ခေါင်း ဆောင်များ၏ ပန်ချီကားများသည် ဟောင်းနွမ်းနေပြီ ဖြစ်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြန်လည်ပြုပြင် သွားမည်ဖြစ်ကြောင်း သိရသည်။
.
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်း သားခေါင်းဆောင်များ လွတ်လပ် ရေးရရှိရန် ကြိုးပမ်းခဲ့ကြသည့် သ မိုင်းဝင်ပင်လုံကျောက်တိုင်ကို ယခင် က သစ်သားဖြင့် ထွင်းထုခဲ့ပြီး မူလ က တောင်တန်း-ပြည်မ ဟု သုံးနှုန်း ထွင်းထုခဲ့သော်လည်း ပြန်လည် ပြုပြင်ရာတွင် ပြည်မ-တောင်တန်း ဟု ပြောင်းလဲ ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)