တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် မီးလောင်မှုဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Wednesday, December 4, 2019

တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် မီးလောင်မှုဖြစ်ပွား

ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ စတုဘုမ္မိကဘုန်းတော်ကြီးကျောင်းအနီးရှိ နေအိမ်တစ်လုံးတွင် ယနေ့ ဒီဇင်ဘာလ ၄ ရက်၊ ညပိုင်းက နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
ချမ်းမြသာစည်ရပ်ကွက်၊ နယ်မြေ (၃)၊ သဇင်လမ်း၊ အမှတ် (၁၁၄) နေ အိမ်ရှင် ဒေါ်မြင့်မြင့်စိုး၏ ၂ ထပ် နံကပ် နေအိမ်တွင် ဒီဇင်ဘာလ ၄ ရက်၊ ည ၉ နာရီ၊ ၁၅ မိနစ်ခန့်က မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
မီးလောင်ကျွမ်းမှု ဖြစ်ပွားရာသို့ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေ ပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၂၅ မိနစ် အချိန်တွင် မီးအား ငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် နေအိမ်အပေါ်ထပ်ရှိ ပရိဘောဂနှင့် အသုံးအဆောင် ပစ္စည်းများ မီးလောင်ပျက်စီးခဲ့ကာ လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရ သေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။
.
“အိမ်အပေါ်ထပ်မှာ ဝါယာရှောခ့်ဖြစ်ပြီးလောင်တာပါ။ အပေါ်ထပ်မှာက အိမ်ပိုင်ရှင်မရှိဘူး။ အောက်ထပ်မှာ အိမ်ငှါးတွေပဲရှိတယ်။ ပြတင်းပေါက်မှန်ရိုက်ခွဲ၊ သွပ်တွေလှန်ပြီး ရပ်ကွက်ထဲကလူတွေ ဝိုင်းငြှိမ်းလို့ အများကြီး မလောင်သွားပါဘူး” ဟု ချမ်းမြသာစည်ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။
.
အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ မီးလောင်မှုအကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးတို့အား စိစစ်ဆောင်ရွက်ဆဲ ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats