တောင်ကြီးမြို့၊ ဝါးပြားလမ်းဆုံအနီးရှိ ဘက်ထရီဆိုင် ဖောက်ထွင်းခံရ - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, December 29, 2019

တောင်ကြီးမြို့၊ ဝါးပြားလမ်းဆုံအနီးရှိ ဘက်ထရီဆိုင် ဖောက်ထွင်းခံရ


ဗျတ္တ
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဝါးပြားလမ်းဆုံအနီးရှိ ဘက်ထရီအားသွင်း ပြုပြင်ရေး ဆိုင်တွင် ဒီဇင်ဘာလ ၂၈ ရက်၊ ညပိုင်းက ဖောက်ထွင်းခိုးယူခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.

.
“ဆိုင်ဖောက်ခံရချိန်မှာ ကျွန်တော်တို့မိသားစုက ကျောင်းပိတ်ရက်ဖြစ်လို့ ဘုရားဖူးခရီးထွက်နေကြတာပါ။ ဘေးနား ကဆိုင်တွေ ​​​​ေပြာမှ ဆိုင်ဖောက်ခံရကြောင်းသိရတယ်။ ဆိုင်ထဲမှာရှိတဲ့ ဘက်ထရီအိုး အတော်များများပါ သွားတယ်။ ကံကောင်းတာက ကိုယ်ပိုင်ဘက်ထရီအိုးတွေဖြစ်နေလို့ပါ။ တစ်ခြားသူအပ်ထားတဲ့အိုးတွေပါရင် လျော် ပေးရမှာ” ဟုဘက်ထရီဆိုင်မှ ကိုကောင်းခန့်က ပြောသည်။
.
ဖောက်ထွင်းခံရသည့် ဘက်ထရီအားသွင်းဆိုင်၏ ပိုင်ရှင်မှာ ရက်ရှည် ဘုရားဖူးခရီးသွားနေချိန် ဖြစ်ကြောင်း သိရသည်။
.
ဖောက်ထွင်းမှု ကျူးလွန်သူများသည် ဆိုင်တံခါး ထရံနှင့် အကာသံပြားများကို ဖျက်ဆီး၍ ဆိုင်အတွင်းရှိ ဘက်ထရီအိုး များကို ယူဆောင်သွားခြင်းဖြစ်ပြီး ဖောက်ထွင်းမှု ကျူးလွန်ရာတွင် အသုံးပြုသည့် အရှည် တစ်ပေခန့်ရှိ အရိုးတပ်တူ တစ်လက်နှင့် ၈ လက်မန့်ရှိ ကတ်ကြေးတစ်လက်တို့ ဆိုင်အနီးတွင် ကျန်ရှိခဲ့ကြောင်း သိရသည်။
.
“မနက်ခင်း ဆိုင်လာဖွင့်တဲ့အချိန်မှာ ခြေရာလက်ရာပျက်နေတာတွေ့လို့ ပတ်ဝန်းကျင်ကို လိုက်ကြည့်တော့မှ ကိုကောင်းခန့်ဆိုင် အဖောက်ခံထားရတာ တွေ့ရတယ်။ တူနဲ့ ကတ်ကြေးကိုလည်း အဲဒီဆိုင်နားမှာတွေ့တေယ်။ အားလုံး လုံခြုံရေးအတွက် အခုထက်ပို ဂရုစိုက်ဖို့ လိုအပ်နေပါပြီ” ဟု ဘက်ထရီဆိုင်ဘေးရှိ ဈေးဆိုင်ခန်းမှ ဆိုင်ရှင်က ပြောသည်။
.
အဆိုပါ ဘက်ထရီဆိုင်မှာ ယခင်ကလည်း ခေါက်မိုးကိုဖောက်၍ ငွေကြေး ခိုးယူခံရမှု ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)