တောင်ကြီးတွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀၀ ကျော် ဖမ်းမိ - Kanbawza Tai News

Breaking

Boxed(True/False)

Monday, December 23, 2019

တောင်ကြီးတွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀၀ ကျော် ဖမ်းမိ



ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ ဇလဲ-အေးသာယာသွားလမ်းပေါ်တွင် ဒီဇင်ဘာလ ၂၂ ရက် ညပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀၀ ကျော်အား သယ်ဆောင်လာသူများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
Photo - CCDAC Myanmar

.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၂၂ ရက်၊ ည ၈ နာရီခန့်က တောင်ကြီး မြို့နယ်၊ ဇလဲ-အေးသာယာသွားလမ်းပေါ်တွင် ဇလဲဘက်မှ အေးသာယာဘက်သို့ အေးသာမြို့နေ လင်းထက် အောင် (၂၁ နှစ်) မောင်းနှင်ပြီး ကိုဖြိုး (၃၀ နှစ်) လိုက်ပါစီးနည်းလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ကိုဖြိုး ကိုင်ထားသော ကြွပ်ကြွပ်အိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၃၀ ပြား၊ ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၉ သိန်း ၃ သောင်းခန့်အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.
အဆိုပါ မူးယစ်ဆေးဝါးများ တွေ့ရှိမှုနှင့် ပတ်သက်၍ တောင်ကြီးနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမူဖွင့်အရေးယူပြီး ကွင်းဆက်များအား ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)