တောင်ကြီးမြို့၊ မင်းကျောင်းပရိယတ္တိစာသင်တိုက်မှ ကိုရင်တစ်ပါး ပြင်းထန်စွာ ရိုက်နှက်ခံရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Friday, December 6, 2019

တောင်ကြီးမြို့၊ မင်းကျောင်းပရိယတ္တိစာသင်တိုက်မှ ကိုရင်တစ်ပါး ပြင်းထန်စွာ ရိုက်နှက်ခံရ

စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကန်အောက်ရပ်ကွက်၊ မင်းကျောင်းပရိယတ္တိစာသင်တိုက်တွင် သီတင်းသုံး နေထိုင်သော ကိုရင်တစ်ပါးသည် ဒီဇင်ဘာလ ၃ ရက်၊ နံနက်ပိုင်းက ပြင်းထန်စွာ ရိုက်နှက်ခံခဲ့ရပြီး တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ၌ ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
.
.
“ည ၁၀ နာရီလောက်အထိ ကျောင်းထိုင်ဘုန်းကြီးကို နှိပ်ပေးနေသေးတယ်။ နောက်နေ့မနက် ၆ နာရီလောက် ဘုန်းကြီး ထတဲ့အချိန်မှာ သူ့ကို စောင်နဲ့ထုပ်ပြီး ကျောင်းဝင်းအပြင်မှ ချထားတာတွေ့တာပါ။ ဘယ်သူ ဘယ်ဝါ ရိုက်တယ်ဆိုတာကတော့ မသိသေးပါဘူး။ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ကျွန်မအနေနဲ့ကတော့ ရိုက်နှက် သွားတဲ့သူကို မြန်မြန်လေးပေါ်ပေါက်စေချင်တာပါပဲ” ဟု ရိုက်နှက်ခံရသည့် ကိုရင်၏ မယ်တော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရိုက်နှက်ခံရသည့် ကိုရင် နန္ဒိယမှာ သက်တော် ၂၃ နှစ်၊ ဝါတော် ၁ ဝါခန့်ရှိပြီဖြစ်ပြီး လက်ရှိတွင် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ၌ ဆေးဝါးကုသမှု ခံယူလျက်ရှိကာ သတိ ကောင်းစွာမရသေးကြောင်း သိရသည်။
.
“ကိုရင်ကြီး ရိုက်နှက်ခံရတာ ဟုတ်ပါတယ်။ အမှုဖွင့်ထားပါတယ်” ဟု ရဲအရာရှိတစ်ဦးက ပြောသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့မရဲစခန်းဖုန်းသို့ ဆက်သွယ်မေးမြန်းရာတွင် တယ်လီဖုန်းလက်ခံ ဖြေကြားခဲ့ခြင်းမရှိချေ။
.

No comments:

Post a Comment

Journal Download

Photo of three cats