Sony အနေနဲ့ကင်မရာဆင်ဆာတွေကို လိုသလောက်ထုတ်ပေးဖို့ ခက်ခဲနေ - Kanbawza Tai News

Breaking

Boxed(True/False)

Monday, December 30, 2019

Sony အနေနဲ့ကင်မရာဆင်ဆာတွေကို လိုသလောက်ထုတ်ပေးဖို့ ခက်ခဲနေ


ကမ္ဘောဇတိုင်း
.
Sony အနေနဲ့ ကင်မရာဆင်ဆာတွေကို ဈေးကွက်လိုအပ်ချက်အတိုင်း ပြည့်မီအောင် ထုတ်ပေးနိုင်ဖို့ အခက်အခဲဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
.
.
Bloomberg ရဲ့ ထုတ်ပြန်ချက်အရ Sony ဟာ အားလပ်ရက်တွေမှာလည်း ချစ်ပ်စက်ရုံများကို အချိန် ပြည့် လည်ပတ် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
.
စွမ်းဆောင်ရည် တိုချဲ့ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုအားလုံး ပြီးသွားရင်တောင် မလုံလောက်သေးပါဘူးလို့ Sony ရဲ့ ဒုတိယဥက္ကဋ္ဌ Terushi Shimizu က ပြောဆိုထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ဖောက်သည်တွေရဲ့ လိုအပ်ချက်ကို ပြည့်မီအောင် မထုတ်လုပ်နိုင်တဲ့အတွက် တောင်းပန်ပါတယ်လို့ သူက ဆက်ပြောပါတယ်။
.
Sony ဟာ စျေးကွက်ဝေစု ၅၀ ရာခိုင်နှုန်းနဲ့ ကမ္ဘာ့အကြီးဆုံး ဆင်ဆာထုတ်လုပ်သူအဖြစ် ရပ်တည်နေပြီး၊ iPhone တွေမှာ ထည့်သွင်းထားတဲ့ ကင်မရာဆင်ဆာအားလုံးကိုလည်း Sony က ထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။
.
ဒီနေ့ခေတ်မှာ စမတ်ဖုန်းတွေဟာ အနည်းဆုံး ကင်မရာ ၂ လုံး ပါဝင်နေတာဖြစ်ပြီးတော့ ကင်မရာဆင်ဆာ တွေရဲ့ လိုအပ်ချက်ဟာ များပြားလာတဲ့အတွက် ကုမ္ပဏီအနေနဲ့ ပြည့်မီအောင် မထုတ်ပေးနိုင်တာလို့လည်း သိရ ပါတယ်။
.
Sony အနေနဲ့ ၂၀၂၅ ခုနှစ်မှာ ဈေးကွက်ဝေစု ၆၀ ရာခိုင်နှုန်းအထိရရှိဖို့ ရည်မှန်းထားပြီးတော့ အနာဂတ် မှာ သူ့အနေနဲ့ ဈေးကွက်လိုအပ်ချက်ကို ပြည့်မီအောင် ဘယ်လိုလုပ်ဆောင်သွားမယ် ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
.
Ref ; Diyphotography
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)