တောင်ကြီးမြို့နယ်၊ ကွမ်းဘုံအဆင့်မြင့်နည်းပညာသုံး စံပြစိုက်ခင်း စံကွက် ရိတ်သိမ်း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Sunday, December 1, 2019

တောင်ကြီးမြို့နယ်၊ ကွမ်းဘုံအဆင့်မြင့်နည်းပညာသုံး စံပြစိုက်ခင်း စံကွက် ရိတ်သိမ်း


ခန့်လင်း
.
ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ တောင်ကြီးခရိုင်၊ ရွှေညောင်မြို့၊ မြို့မကျေးရွာအုပ်စု၊ ကွမ်းဘုံဘက်စုံ အဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာရှိ စံပြစိုက်ခင်း ကွင်းပြပွဲနှင့် စံရိတ်ကွက် ရိတ်သိမ်းပွဲကို နိုဝင်ဘာလ ၂၇ ရက်၊ မွန်းလွဲပိုင်းက အဆိုပါစိုက်ခင်းရှိ ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
ဓါတ်ုံ - ထွန်းလွင်
.
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က လက်ရှိ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသော ဘက်စုံအဆင့်မြင့်နည်းပညာသုံး နည်းစနစ်ဖြင့် စပါးသီးနှံ၏ အမှန်ထွက်နှုန်း သိရှိစေရန်၊ လက်ရှိစိုက်ပျိုးထားသော စပါးမျိုး၏ အနှံပါဝင်မှု၊ တစ်နှစ်ပါ အောင်စေ့ရာခိုင်နှုန်း စသည် တို့ကို သိရှိစေရန်နှင့် တောင်သူများ၏ လက်ရှိစိုက်ပျိုးထုတ်လုပ်နေသော အမှန်ထွက်နှုန်းနှင့် နှိုင်းယှဉ်သိရှိစေရန်အ တွက် ယခုကဲ့သို့ စံကွက်ရိတ်သိမ်းခြင်းလုပ်ငန်းကို လက်တွေ့သရုပ်ပြသခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
.
ထို့နောက် ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင်က လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေး ဆောင်ရွက်မှုများနှင့် မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ရာတွင် တောင်သူများ အကျိုးအမြတ် ရရှိရေး ဆိုင်ရာတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး တောင်ကြီးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးတင်ဦးကြိုင်က စံပြစိုက်ခင်း ကွင်း ပြပွဲ ဆောင်ရွက်ခြင်းနှင့် စံကွက်ရိတ်သိမ်းပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
.
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများမှ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြစိုက်ခင်းအတွင်း ကွင်းပြပွဲနှင့် စက်ယန္တရားဖြင့် ရိတ်သိမ်း ချွေလှေ့နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
.
အဆိုပါ စံကွက်အတွင်း တစ်ဧကလျှင် စပါးအစို ၁၃ ဒသမ ၅ တင်း၊ အခြောက် ၁၂ ဒသမ ၂၅ တင်း ထွက်ရှိ ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats