အမှာစာ တစ်သန်းခွဲလောက် ရခဲ့တဲ့ Oppo Reno3 စမတ်ဖုန်းများ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, December 30, 2019

အမှာစာ တစ်သန်းခွဲလောက် ရခဲ့တဲ့ Oppo Reno3 စမတ်ဖုန်းများ

ကမ္ဘောဇတိုင်း
.
Oppo ရဲ့ စမတ်ဖုန်းအသစ်တွေဖြစ်တဲ့ Reno3 နဲ့ Reno3 Pro စမန်ဖုန်းတွေဟာ စတင်ပွဲထုတ်ပြီး ၂ ရက်အကြာမှာ အမှာစာ ၁ ဒသမ ၄၆ သန်းကျော် ရရှိခဲ့ပြီးတော့ အဲဒီထဲက ၅၈၀၀၀၀ ကျော်ဟာ JD. com ကနေ မှာကြားခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
.
 
.
ဒီမှတ်ပုံတင် အရေအတွက်ထဲက ဘယ်လောက်ရောင်းပြီးပြီလဲဆိုတာကို စောင့်ကြည့်ရဦးမှာဖြစ်ပြီး တော့ ဒီပမာဏဟာ Oppo ရဲ့ 5G စမတ်ဖုန်းထုတ်လုပ်မှုမှာ ပထမဆုံး ရိုက်ခတ်မှုလည်း ဖြစ်ပါတယ်။
.
အဲဒီကိန်းဂဏန်းတွေကို ဒီဇင်ဘာလ ၂၇ ရက်က ရေတွက်ခဲ့တာဖြစ်ပြီး နောက်ဆုံးရေတွက်ချိန်မှာ အမှာစာ အရေအတွက် တစ်သန်းခွဲကျော်အထိ ရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။
.
Oppo Reno3 နဲ့ Reno3 Pro စမတ်ဖုန်းတွေကို ဒီဇင်ဘာလ ၂၅ ရက်က တရုတ်နိုင်ငံမှာ စတင်မိတ်ဆက်ပြသ ခဲ့တာလည်း ဖြစ်ပါတယ်။
.
Ref ; GSMARENA
.

No comments:

Post a Comment

Journal Download

Photo of three cats