ညောင်ရွှေမြို့နယ်၊ စံကားကျေးရွာအုပ်စု လျှပ်စစ်မီးလင်းရေးနှင့် ပတ်သက်၍ အရစ်ကျငွေသွင်းစနစ် ကျင့်သုံးစေလိုဟု ဆို - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Thursday, December 26, 2019

ညောင်ရွှေမြို့နယ်၊ စံကားကျေးရွာအုပ်စု လျှပ်စစ်မီးလင်းရေးနှင့် ပတ်သက်၍ အရစ်ကျငွေသွင်းစနစ် ကျင့်သုံးစေလိုဟု ဆို


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားကျေးရွာ အုပ်စုတွင် လျှပ်စစ်မီးရရှိတော့မည် ဖြစ်သော်လည်း ဒေသခံအချို့မှာ ငွေကြေးမတတ်နိုင်သဖြင့် တစ်လုံး တစ်ခဲထဲ ငွေပေးသွင်းသည့် စနစ်အ စား အရစ်ကျ ပေးသွင်းသည့် စနစ် ကျင့် သုံးစေလိုသည်ဟု ဒေသခံများ ထံမှ သိရသည်။
.


.
ညောင်ရွှေမြို့နယ်၊ စံကားကျေး ရွာအုပ်စုမှ ကျေးရွာ ၃ ရွာ လျှပ်စစ်မီး ရရှိမည့်ကိစ္စနှင့် ပတ်သက်၍ လျှပ် စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ် စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ၆၆/၁၁ အမ်ဗွီဓါတ်အားခွဲရုံ လျှပ်စစ် မီး ဖြန့်ဖြူးမှု မီးလင်းပွဲ ဖွင့်ပွဲအခမ်း အနားပြုလုပ်မည့် ခြံဝင်းအား ရွာသူ/သား ၂၀၀ ကျော်မှ ကိုယ်ထူကိုယ်ထ ရှင်းလင်းဆောင်ရွက်ပေးရာတွင် ဒေသခံများမှ ယင်းကဲ့သို့ ပြောဆို ခဲ့ခြင်းဖြစ်သည်။
.
မိသားစုက ကိုယ်ခွဲလည်း မရှိ ဘူး။ တစ်လုံးတစ်ခဲထဲ ထည့်ရမယ် ဆိုရင် မတတ်နိုင်ဘူး။ အဲဒါကြောင့် မီးမယူနိုင် ခဲ့ဘူး” ဟု စံကားကျေးရွာ နေ လှေဆိပ်ဂိတ်မှူး ဦးထွန်းရွှေက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
စံကားကျေးရွာတွင် ငွေရေး ကြေးရေး အခက်အခဲအရ လျှှပ်စစ် မီး မယူနိုင်သူ ၃၀ ဦးကျော် ရှိနေပြီး အရစ်ကျ စနစ်ဖြင့် ပေးသွင်းရပါက အဆင်ပြေနိုင်သည်ဟု ၎င်းထံမှ သိရ သည်။
.
အလားတူ စံကားရွာနေ မအေး အေးအောင်ကလည်း မီးရရှိမှု အ ခက်အခဲများ ဖြစ်ပေါ်နေပြီး အလုပ် အကိုင် မရှိသဖြင့် အရစ်ကျဖြင့် ငွေ ပေးသွင်းရပါကလူတိုင်း မီးရနိုင် ကြ မည်ဖြစ်သည်ဟု ဆိုသည်။
.
လက်လုပ်လက်စား တွေက တစ်နေ့လုပ် တစ်နေ့စားဖြစ်လို့ အခု က ၄ သိန်း ၃ သောင်းကုန်မယ်။ ပြီး တော့ မီတာဘောက်၊ မီးကြိုး၊ ရိုက်ခနဲ့ ၇ သိန်းလောက်ကုန် မယ်ဆိုတော့ အရင်ငွေသွင်းခဲ့တဲ့သူ ၃၀ ကျော် ၄၀ လောက် ပြန်နုတ်ထွက်ကုန်တယ်။ အစိုးရက ထောက်ပံ့ပေးပြီး ချွေတာ မှုနဲ့ ဆောင်ရွက်ပေးမယ်ဆိုရင်တော့ ပိုကောင်းပါမယ်”ဟု စံကားမြို့မ တာခေါင်မွေတော်ဘုရား တင်ရိုးမှ ဘုရားဖူးပို့ဆောင်ရေး လုပ်ငန်းလုပ် ဆောင်သူ ကိုထွန်းမင်းလတ်ကပြော သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စံကားကျေးရွာ ၂၄ နာရီလျှပ်စစ်မီး လင်းရေးကော်မတီ ဥက္ကဌ ဦးသန်း ရွှေက “ ရွာထဲမှာ မီးပေးဖို့ ကြတော့ ကိုယ်ထူကိုယ်ထ ကြိုးစားရမယ် ဆို တော့ အခက်အခဲ ရှိတဲ့ ပုဂ္ဂိုလ် တွေ နည်းနည်းပါးပါး ရှိတာ ပေါ့၊။ ကိုယ်ထူကိုယ်ထအရ အားလုံး မီး ရရှိနိုင်ရေး ဆွေးနွေးတိုင်ပင် နေကြ ပါတယ်” ဟု ပြော သည်။
.
လျှပ်စစ်မီး ရရှိရေးအတွက် စံ ကားကျေးရွာတွင် ၂၀၀ ဗို့ ထရန်စ ဖော်မာ ၁ လုံး၊ ကုန်းသာနှင့် ကွမ်း ခမ်းကျေးရွာတို့တွင် ၁၀၀ ဗို့ ထရန်စ ဖော်မာ ၁ လုံးစီ တပ်ဆင်ပေးထား ကြောင်း သိရသည်။
 .
အဆိုပါ စံကားကျေးရွာအုပ်စုရှိ ကျေးရွာအချို့မှာ ၁၉၆၉ ခုနှစ်၊ မိုးဗြဲဆည် တည်ဆောက်စဉ်က ရေ အောက်သို့ နစ်မြုပ်ခဲ့ရဖူးကြောင်း သိရသည်။
.
စံကားကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများအနက် ရွာအနက်မှ ၃ ရွာသာ ပထမဆုံး လျှပ်စစ်မီးရရှိ မည်ဖြစ်ပြီး ဒေသခံများအတွက် လျှပ်စစ်မီး သွယ်တန်းခ ငွေကြေး တစ်လုံးတစ်ခဲတည်း ပေးသွင်းရန် အခက်အခဲများ ရှိနေကာ အရစ်ကျ စနစ်ပေးသွင်သည့်စနစ် ကျင့်သုံးစေ လိုကြကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)