နောင်တရားတွင် ကျွဲ၊ နွားများအား ခွာနာလျှာနာရောဂါကာကွယ်ဆေး ထိုးနှံပေး - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Saturday, December 28, 2019

နောင်တရားတွင် ကျွဲ၊ နွားများအား ခွာနာလျှာနာရောဂါကာကွယ်ဆေး ထိုးနှံပေး


ခွန်အောင် (နောင်တရား)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်ရှိ ပေါ့အင်၊ မွှေးပြင်၊ လွယ် မော၊ ပင်ခင်ကျေးရွာအုပ်စုများတွင် အစားထိုးဖွံ့ဖြိုးရေး ရှေ့ပြေုးလုပ်ငန်းစီမံကိန်းအဖြစ် မြို့နယ်မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာနနှင့် မယ့်ဖာလုံဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး ကျွဲ၊ နွားများအား ခွာနာလျှာနာရောဂါကာကွယ်ဆေး ထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
.

.
ပင်လောင်းမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနီနီဝင်း နှင့် ဝန်ထမ်းများ၊ မွေးမြူရေးသင်တန်းသားများမှ ကျွဲ၊ နွား ၅၆၆၀ ကောင် အား ရာနှုန်းပြည့် ကာကွယ်ဆေး ထိုးနှံပေးသွား မည်ဖြစ်ကြောင်းသိရသည်။
.
“အခုလို ကျွဲ၊ နွား ခွါနာ လျှာနာ ကာကွယ်ဆေးကို ကျေးရွာအရောက် အခမဲ့လာရောက်ထိုးနှံပေးတဲ့ အတွက် ဝမ်းသာပါတယ်။ ခွါနာလျှာနာရောဂါက ကူးစက်တတ်ပြီး ကျွန်တော်တို့ ကျွဲနွားတွေကို သေစေနိုင်တယ်။ လယ်ယာ လုပ်ငန်းခွင်ကို ထိခိုက်နိုင်တယ်။ မွေးမြူရေးဝင်ငွေကိုလည်း လျော့နည်းစေပါတယ်။  ကာကွယ်ဆေး ထိုးထားတဲ့ အတွက်ကြောင့် ရောဂါကာကွယ်နိုင်ပြီး အကျိုးအမြတ်တွေလည်း များစွာရရှိနိုင်ပါတယ်’’ လွယ်မောကျေးရွာအုပ်စု မိုးနဲကျေးရွာမှ ဦးကလောကပြောသည်။
.
အဆိုပါကာကွယ်ဆေးကို ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်မှ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၅ ရက်အထိ ကျေးရွာပေါင်း ၉၈ ရွာရှိ ကျွဲ၊နွားကောင်ရေ ၅၆၆၀ ကောင်အားထိုးနှံသွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)