၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီအချင်းချင်း ထိပ်တိုက်ရင်ဆိုင်မှုအစား ညှိနှိုင်းဆောင်ရွက်သွားမည် ဟုဆို - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Sunday, December 22, 2019

၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီအချင်းချင်း ထိပ်တိုက်ရင်ဆိုင်မှုအစား ညှိနှိုင်းဆောင်ရွက်သွားမည် ဟုဆို


မင်းဇော်မင်း
.
တိုင်းရင်းသားနိုင်ငံရေးပါတီများဖြင့် ဖွဲ့စည်းထားသည့် ညီနောင်တိုင်းရင်းသားနိုင်ငံရေးပါတီများဖက်ဒရေးရှင်း (NBF) အဖွဲ့ဝင် နိုင်ငံရေးပါတီများအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေများအတွင်း တိုင်းရင်းသားပါတီအ ချင်းချင်း ထိပ်တိုက်ရင်ဆိုင်မှုအစား ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUB) ဥက္ကဋ္ဌ ဦးစောသိန်းမြင့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
 
.
ညီနောင်တိုင်းရင်းသားနိုင်ငံရေးပါတီများ ဖက်ဒရေးရှင်း၏ (၃၆) ကြိမ်မြောက် အစည်းအဝေးကို ဒီဇင်ဘာလ ၁၆ နှင့် ၁၇ ရက်များက ရန်ကုန်မြို့ရှိ Panda ဟိုတယ်တွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးတွင် အဆိုပါ ကိစ္စနှင့် ပတ် သက်၍ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
.
“အဓိက ကတော့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီကြီးတွေကို ရင်ဆိုင်နိုင်ဖို့ တိုင်းရင်းသားပါတီအချင်း ချင်း ထိပ်တိုက်ရင်ဆိုင်ရမှုအစား အဆင်ပြေအောင် ညှိနှိုင်းလုပ်ဆောင်သွားဖို့ ရှိပါမယ်။ ၂၀၀၈ အခြေခံဥပဒေက ပုဒ်မ ၂၆၁ ကို မဖြစ်မနေပြင်နိုင်မှသာ တိုင်းရင်းသားနယ်မြေတွေမှာ တိုင်းရင်းသားအစိုးရတွေ တက်နိုင်မှာဖြစ်ပါတယ်။ တိုင်း ရင်းသားတွေ ညီညွတ်မှသာ ၂၀၂၀ မှာ အောင်နိုင်မှာဖြစ်ပါတယ်” ဟု ဦးစောသန်းမြင့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်သာမက အခြားသော ပြည်နယ်များတွင်လည်း ယင်းပြဿနာမျိုး ကြုံတွေ့လာနိုင်သည့်အတွက် ညှိနှိုင်းခြင်းဖြင့်သာ အဆင်ပြေစေမည်ဖြစ်သဖြင့် လာမည့် အစည်းအဝေးများတွင် အထူးဆွေးနွေးလုပ်ဆောင်ရမည့် ကိစ္စရပ်ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
.
အဆိုပါ အစည်းအဝေးအပြီး ထုတ်ပြန်သည့် သဘောထားထုတ်ပြန်ချက်တွင် ယာယီရွှေ့ပြောင်းသူများက နယ်မြေဒေသတစ်ခုတွင် ရက်ပေါင်း ၉၀ နေထိုင်ရုံမျှဖြင့် မဲပေးပိုင်ခွင့်ရရှိခြင်းသည် ဒေသခံတိုင်းရင်းသားများ၏ အခွင့် အရေးကို ကြီးမားစွာချိုးဖောက်ခြင်း ဖြစ်သဖြင့်ကန့်ကွက်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းခဲ့သော ပြည် ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီမှ ဖက်ဒရယ်မူဝါဒများကို ဦးထိပ်ထားလျက် ပုဒ်မ (၂၆၁)ကို ရွေးကောက်ပွဲမတိုင်မီ အမြန်ဆုံးပြင်ဆင်ပေးရန် အလေးနက်တိုက်တွန်းကြောင်းနှင့်  ပြည်တွင်းစစ်ပဋိပက္ခကြောင့် အရပ်သားပြည်သူများ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှု၊ ထိခိုက်နစ်နာမှုများစွာ ဖြစ် ပေါ်နေသဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများ အမြန်ဆုံးရပ်တန့်ရန်သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းများသို့ တိုက် တွန်းတောင်းဆိုကြောင်း ဖော်ပြပါရှိသည်။
.
လက်ရှိပါတီကြီးများမှ တိုင်းရင်းသားနယ်မြေများအတွင်း အကြီးစားစီမံကိန်းများ လာရောက်လုပ်ဆောင် သည့်အခါ ရောက်ရှိလာနိုင်သည့် အင်အားကြီးမားသော ယာယီရွေ့ပြောင်းလုပ်သားများ ရက်ပေါင်း ၉၀  နေထိုင်လျှင် မဲပေးပိုင်ခွင့်ရှိသည့်ကိစ္စမှာ ဧည့်စာရင်းဖျက်သိမ်းထားမှုအပြင် ယင်းမဲဆန္ဒနယ်၏ ဒေသ ခံတိုင်းရင်းသားများ၏ အခွင့် အရေးကိုကြီးမားစွာ ချိုးဖောက်ခြင်းမျိုး ဖြစ်လာနိုင်သည့်အတွက် ကန့်ကွက်ရခြင်းဖြစ်ကြောင်း သိရသည်။
.
ဖိတ်ကြားချက်အရ လက်ရှိ NCA ရဲ့ နောက်ဆုံးအခြေအနေတွေကို လာပြီးမျှဝေတာပါ။ ငြိမ်းချမ်းရေးဖြစ်စဉ် ကို ကူဖို့ပါ” ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် အကြီးတန်းအကြံပေး၊ Comitte of Peace and Reconcilliation ကို ပူးတွဲ တည်ထောင်သူ ဦးလှမောင်ရွှေက ပြောသည်။
.
အဆိုပါအစည်းအဝေးသို့ NBF အဖွဲ့ဝင် တိုင်းရင်းသားပါတီ ၂၃ ပါတီအနက် ၁၉ ပါတီမှ ကိုယ်စားလှယ် ၄၉ ဦးတက်ရောက်ခဲ့ပြီး ၄ ပါတီမှ ခွင့်တိုင်ကြားခဲ့ကာ ကချင်၊ ကယား၊ ကရင်၊ ချင်း စသည့် လူမျိုးတူပါတီအချင်းချင်း ပူးပေါင်းထားသည့် နိုင်ငံရေးပါတီ ၄ ခုမှ လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
.
တိုင်းရင်းသားပါတီများ၏ နယ်မြေများအတွက် စုပေါင်းညီညွတ်စွာဖြင့် ပြည်သူလူထု အကျိုးစီးပွားနှင့် နိုင်ငံ့အကျိုးစီးပွားကို ဆောင်ရွက်နိုင်ရေးအတွက် ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (Nationalities Brotherhood Federation)ကို ၂ဝ၁ဝ ခုနှစ်၊ အောက်တိုဘာလ ၁ဝ ရက်က တိုင်းရင်းသားနိုင်ငံရေးပါတီ ၅ ခုဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အဖွဲ့ဝင် နိုင်ငံရေးပါတီ ၂၀ ကျော် ရှိနေပြီဖြစ်ကာ အဖွဲ့အတွင်းရှိ လူမျိုးတူ တိုင်းရင်းသားပါတီကွဲအချို့မှာ တစ်ပါတီတည်းအဖြစ် ပူးပေါင်းတည်ထောင်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)