မိုင်းယောင်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀ ကျော် ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, December 29, 2019

မိုင်းယောင်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀ ကျော် ဖမ်းဆီးရမိ


စိုင်းယောင်းခမ်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဒီဇင်ဘာလ ၂၈ ရက်က စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.

.
မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်မှ ရဲအုပ် အောင်သူမိုး၊ မိုင်းယောင်းမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒု-ရဲအုပ် ထွန်းထွန်းလင်းနှင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ မိုင်းယောင်းမြို့နယ်၊ ဟောင်ကြန့်ကျေးရွာနှင့် ရဲဘော်ဟောင်းကျေးရွာ လမ်းဆုံနေရာတွင် စောင့်ဆိုင်းနေစဉ် သက်လွင် (ခ) ကုလား (၃၈ နှစ်) မောင်းနှင်လာသော DAYAN အမျိုးအစား ငွေမှင်ရောင်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေခဲ့ရာ ၎င်းလွယ်ထားသည့် LV တံဆိပ်ပါ အညိုရောင်သားရေလွယ်အိတ်အတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားပါ ၄ ထုပ်၊ ၁၈၀ ပြားပါ တစ်ထုပ်၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြားများ ၉၈၀ ပြား၊ အလေးချိန် ၉၈ ဂရမ်ခန့်ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ကွင်းဆက်အရ နမ့်ယွန်းကျေးရွာနေ လိဖေ(၃၃ နှစ်)အား ယမ်းခမ်းကျေးရွာရှိ မိုင်းယောင်း-မိုင်းဖြတ်သွား ကားလမ်းမပေါ်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ ၂ ဦးအား မိုင်းယောင်းမြို့မရဲစခန်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)