မိုင်းတုံတွင် တရားမဝင်သစ် ၁၇ တန်ကျော်အား ပိုင်ရှင်မဲ့ ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Tuesday, December 31, 2019

မိုင်းတုံတွင် တရားမဝင်သစ် ၁၇ တန်ကျော်အား ပိုင်ရှင်မဲ့ ဖမ်းမိ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့တွင် ဒီဇင်ဘာလ ၃၀ ရက်က တရားမဝင်သစ် ၁၇ တန်ကျော်အား သတင်းအရ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.

.
တရားမဝင်သစ်ထုတ်လုပ်မှုများကို သတင်းပေးတိုင်ကြားနိုင်ရန် သစ်တောဦးစီးဌာနက ထုတ်ပြန်ထားသည့် တယ်လီဖုန်း နံပါတ်သို့ ပြည်သူများ၏ ဖုန်းဖြင့် သတင်းပေးတိုင်တန်းချက်အရ ကျိုင်းတုံရှိ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၏ လမ်းညွှန်မှုဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း မိုင်းတုံမြို့နယ်သစ်တော ဦးစီးအရာရှိ ဦးသိန်းသန်းစိုးက ပြောသည်။
.
“အားလုံး ၄ နေရာကို ဖြန့်ခွဲဖမ်းမိခဲ့တာပါ။ ပိတောက်နဲ့ ကျွန်းတွေဖြစ်ပါတယ်။ သစ်တောရုံးဝင်းထဲကို သယ်ဆောင်နေ ပါတယ်” ဟု ဦးစီးအရာရှိ ဦးသိန်းသန်းစိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလမှ ဩဂုတ်လအထိ ၁၁ လတာ ကာလအတွင်း ကျွန်း၊ သစ်မာနှင့် အခါး တရားမဝင်သစ်တန်ချိန် ၄၄၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ပြီးဖြစ်ပြီး ယင်းဖမ်းဆီးရမိမှုတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၌ ကျွန်း ၂၄ ဒသမ ၁၀၇၈ တန်၊ သစ်မာ ၁၆၃ ဒသမ ၉၀၁၉ တန်၊ အခြား ၄၈ ဒသမ ၀၃၉၀ တန်၊ စုစုပေါင်း ၂၃၆ ဒသမ ၀၄၈၇ တန် ပါဝင်ကြောင်း သစ်တောဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)