“ဝ” တောင်ပိုင်းတွင် လူဦးရေ ၁၀၀၀ ခန့်အား ကာကွယ်ဆေးစုံ ထိုးနှံပေး - Kanbawza Tai News

Breaking

Boxed(True/False)

Tuesday, December 31, 2019

“ဝ” တောင်ပိုင်းတွင် လူဦးရေ ၁၀၀၀ ခန့်အား ကာကွယ်ဆေးစုံ ထိုးနှံပေး


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ မုံးထမြို့၊ “ဝ” တောင်ပိုင်းဒေသအတွင်းရှိ ကျေးရွာများတွင် လူဦရေ ၁၀၀၀ ခန့်အား ကာကွယ်ဆေးစုံ ထိုးနှံပေးခြင်းလုပ်ငန်းကို ၃ ရက်ကြာ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.

.
“ကာကွယ်ဆေးတွေထိုးနှံ၊ တိုက်ကျွေးတာအပြင် ကျန်းမာရေးအသိပညာပေးမှုတွေပါ လုပ်ဆောင်ပေးခဲ့ပါတယ်။ အထူး သဖြင့် အသက်အရ ဖွံ့ဖြိုးမှု အရမ်းနည်းပါးနေတာ တွေ့ရလို့ အာဟာရပိုင်း အထူးလိုအပ်နေတာကို ဟောပြောခဲ့ပါ တယ်” ဟု သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့သည့် မိုင်းတုံပြည်သူ့ဆေးရုံမှ ဒေါက်တာ စမျိုးမင်းက ပြောသည်။
.
ထိုသို့ ကာကွယ်ဆေး သွားရောက်ထိုးနှံပေးရာတွင် ဒီဇင်ဘာလ ၂၇ ရက်မှ ၂၉ ရက်အထိ (၇၂၆) ကျေးရွာ၊ ကုန်းဆာ ကျေးရွာ၊ ပုံမိုင်ကျေးရွာနှင့် နမ့်ကပ်ကျေးရွာများရှိ အသက် ၁၅ နှစ်အောက် ကလေးနှင့် ကျား/မ စုစုပေါင်း ၉၅၉ ဦးကို ပိုလီယို ထိုးဆေး၊ တိုက်ဆေး၊ ဝက်သက်၊ ဂျိုက်သိုး၊ ၅ မျိုးစပ် ဖြစ်သည့် အသဲရောင်အသားဝါ ဘီ၊ ဆုံဆို့၊ ကြက်ညှာ ချောင်းဆိုး၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ မေးခိုင်ကာကွယ်ဆေးနှင့် ဂျပန် ဦးနှောက်ရောင်ကာကွယ်ဆေးများကို ထိုးနှံ/တိုက်ကျွေး ခဲ့သည့်အပြင် ဆေးကုသမှုများ၊ သွားဖက်ဆိုင်ရာကုသမှုများ ပြုလုပ်ခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင် စောင့်ရှောက်မှု၊ ကလေးငယ်တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် အာဟာရဆိုင်ရာများကို ဟောပြောခဲ့ကြောင်း သိရသည်။
.
ထို့အတူ မိုင်းတုံမြို့နယ်ဆရာဝန်ကြီး ဒေါက်တာသက်ခိုင်မင်းကလည်း “ကျန်းမာရေးကဏ္ဍမှာ နောက်ကျကျန်ရစ်မှု များစွာရှိပြီး ပုံမှန်ကာကွယ်ဆေး မထိုးနိုင်တဲ့ နေရာက Zero dose တွေကို လျှပ်တစ်ပျက်ကာကွယ် ဆေးထိုးနှံတဲ့ အစီအစဉ်အရ လုပ်ဆောင်နေတာပါ`ဟု ပြောသည်။
.
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ မိုင်းတုံဆေးရုံမှ ဆရာဝန်/ဆရာမ ၁၃ ဦးက ပထမအကြိမ်အဖြစ် ဆောင်ရွက်ပေးခဲ့ ခြင်းဖြစ်ပြီး တစ်လတစ်ကြိမ်နှုန်းဖြင့် ၄ ကြိမ်ဆောင်ရွက်သွားရန် ရှိကြောင်း သိရသည်။
.
မိုင်းတုံမြို့နယ်ကျန်းမာရေးဦးစီးဌာနအနေဖြင့်  မိုင်းဟန်၊ ပုံပါကျင်၊ မုံးထော်ရှိ မွေးစမှ ၅ နှစ်အထိ ကလေးငယ် ၃၁၄၃ ဦး၊ ၉ လမှ ၅ နှစ်အထိကလေးငယ် ၂၄၂၇ ဦး ကို လျှပ်တစ်ပျက်ဆေးထိုးနှံနိုင်ရေး စီမံချက်ရေးဆွဲဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)