မိုင်းတုံလဝကဝန်ထမ်း တစ်ဦးထံမှ စိတ်ကြွမူးယစ်ဆေးပြား ဖမ်းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Monday, December 23, 2019

မိုင်းတုံလဝကဝန်ထမ်း တစ်ဦးထံမှ စိတ်ကြွမူးယစ်ဆေးပြား ဖမ်းဆီးရမိ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးတွင် ရုံးစောင့်တာဝန် ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းတစ်ဦးထံမှ ဒီဇင်ဘာလ ၂၂ ရက်၊ ညနေပိုင်းက စိတ်ကြွမူးယစ်ဆေးပြားများ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
.
 
.
မိုင်းတုံမြို့၊ မြို့မရပ်ကွက်ရှိ မြို့နယ်လဝကဦးစီးမှူးရုံးတွင် ရုံးစောင့်တာဝန်ထမ်းဆောင်လျက်ရှိသော စိုင်းဟန်ဖ (၂၃ နှစ်) သည် ဒီဇင်ဘာလ ၂၂ ရက်၊ ညနေ ၅ နာရီအချိန်က ဦးစီးမှူးနှင့် ဝန်ထမ်းများကို အော်ဟစ်ဆဲဆိုနေသဖြင့် ထိန်းသိမ်းရာတွင် မရသည့်အတွက် ရဲစခန်းသို့ အကြောင်းကြားပြီး လာရောက်ထိန်းသိမ်းရာမှ ၎င်း၏ကိုယ်ပေါ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၈ ပြားအား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“လူအများကြားထဲမှာ အော်ဟစ်ဆဲဆိုနေတာ ထိန်းမရလို့ ရဲစခန်းက လာထိန်းတဲ့အချိန်မှာ သူ့ကိုယ်ပေါ်က မူးယစ် ဆေးဝါးတွေ့ရှိလို့ ဖမ်းဆီးအမှုဖွင့်ထားပါတယ်” ဟု မိုင်းတုံမြို့နယ်လဝကဦးစီးမှူး ဦးထွန်းထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
သို့ဖြစ်၍ မူးယစ်ဆေးဝါးများ လက်ဝယ်ရှိသူ စိုင်းဟန်ဖအား မိုင်းတုံမြို့မရဲစခန်းမှ မယ(ပ)၇/၂၀၁၉၊ မူး/စိတ် ပုဒ်မ ၁၆(ဂ) ဖြင့် အမှုဖွင့်လှစ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)