ရန်ကုန်နှင့် မန္တလေးတွင် နိုင်ငံခြားတက္ကသိုလ် ပေါင်းစုံ ပါဝင်သည့် ၁၂ ကြိမ်မြောက် MSI ပညာရေးပြပွဲ ကျင်းပမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Tuesday, December 3, 2019

ရန်ကုန်နှင့် မန္တလေးတွင် နိုင်ငံခြားတက္ကသိုလ် ပေါင်းစုံ ပါဝင်သည့် ၁၂ ကြိမ်မြောက် MSI ပညာရေးပြပွဲ ကျင်းပမည်


ကမ္ဘောဇတိုင်း
.
မြန်မာနိုင်ငံရှိ ကျောင်းသားလူ ငယ်များ၏ အနာဂတ်ပညာရေး ပိုမို ထွန်းပေါက်စေရန်အတွက် ကမ္ဘာ့ အဆင့်မီ နိုင်ငံတကာတက္ကသိုလ် ပေါင်းစုံ ပါဝင်သည့် ၁၂ ကြိမ်မြောက် ပညာရေးပြပွဲ (Myanmar Search International-MSI) အား ရန်ကုန် မြို့ရှိ ဆူးလေရှန်ဂရီလာဟိုတယ်၊ ပဲ ခူး ခန်းမ၌ ဒီဇင်ဘာလ ၁၄ ရက်တွင် လည်းကောင်း၊ မန္တလေးမြို့ရှိ Hilton Hotel၊ အမရပူရခန်းမတွင် ဒီဇင်ဘာ လ ၁၅ ရက်၌လည်းကောင်း ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။
.
.
အဆိုပါ ပညာရေးပြပွဲတွင် အင်္ဂ လန်၊ အမေရိကန်၊ ဆွစ်ဇာလန်၊ ဩ စတေးလျ၊ ကနေဒါ၊ ဟော်လန်၊ နယူးဇီလန်၊ စပိန်၊ စင်္ကာပူ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ မလေး ရှားနှင့် ထိုင်းနိုင်ငံတို့ရှိ တက္ကသိုလ် ပေါင်း ၁၈ ခုနှင့် ၎င်းတို့၏ မိတ်ဖက် တက္ကသိုလ်များနှင့် တစ်ဆင့်ကူး ပြောင်းရွှေ့ သင်ယူနိုင်သည့် ဂျပန်၊ ချက်သမ္မတနိုင်ငံ၊ ဟောင်ကောင်၊ ရုရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ ကိုရီးယား၊ အိန္ဒိယနှင့် ဥရောပနိုင်ငံများမှ တက္က သိုလ်များလည်း ပါဝင်မည်ဖြစ်ကာ အသေးစိတ် သိရှိလိုသူများ အနေ ဖြင့် သက်ဆိုင်ရာ MSI ရုံးများတွင် ကြိုတင်ဆက်သွယ် စာ ရင်းပေးသွင်း ရန် လိုအပ်ကြောင်း MSI ၏ မန်နေး ဂျင်းဒါရိုက်တာ ဒေါ်စုစုလှိုင်ထံမှ သိ ရသည်။
.
ပညာရေးပြပွဲသို့ အစိုးရနှင့် ပုဂ္ဂလိက အထက်တန်းကျောင်း၊ ၈ တန်း၊ ၉ တန်း၊ ၁၀ တန်းနှင့် IGCSE “O” Level, “A” Level တက် ရောက်နေသူများ၊ ဘွဲ့ရပြီးသူများ၊ လုပ်ငန်းခွင် ဝင်ရောက်နေသူများ၊ မိဘနှင့် ဆရာ/ဆရာမများအားလုံး မည်သူဆို လာရောက် စုံစမ်းနိုင်ပြီး သက်ဆိုင်ရာနိုင်ငံများနှင့် ကျောင်းအ ပေါ်မူတည်၍ ကျောင်းဝင်ကြေးကင်း လွတ်ခွင့်၊ အခမဲ့ ကျန်းမာရေး ဆေး စစ်ဆေးခွင့်၊ လေယာဉ်လက်မှတ် အခမဲ့ ရရှိမည့်အခွင့်အရေးတို့ကို MSI ပညာရေးပြပွဲတွင် လျှောက် ထားသူတိုင်း ရရှိနိုင်ပြီး Business, Engineering, Architecture, Medical, Pharmacy, Information Technology, Tourism and Hospitality, Hotel & Event Management, Digital Marketing, Banking & Finance, Accounting, International Relations, Education, Computer Science, Aviation, Fashion Design, Culinary Arts, Music အစရှိသည့် ဘာသာရပ်များအကြောင်းကိုလည်း မေးမြန်း စုံစမ်းနိုင်ကြောင်း သိရ သည်။
.
အဆိုပါ ပညာရေးပြပွဲသို့ တက်ရောက်ခြင်းအားဖြင့် ရာနှုန်းပြည့်ပ ညာသင်ဆု ကျောင်းလခ ၁၀၀ ရာ ခိုင်နှုန်းကို အပြည့်အဝ ရရှိမည်ဖြစ်ကာ ဒသမတန်း အောင်မြင်ပြီးသူ များ၊ IGCSE ပြီးထားသူ များအ တွက် အင်္ဂလန်နိုင်ငံရှိ Oxford/ Cambridge World-Famous University နှင့် ဆေးတက္ကသိုလ်များ သို့ ယူရိုငွေ ၁၀၀၀၀ အထိပညာ သင်ဆုများ၊ ဩစတေးလျ တက္က သိုလ်အကြို ဖောင်ဒေးရှင်းသင်တန်း များသို့ ဒေါ်လာ ၈၀၀၀ အထိ ပညာ သင်ဆုများကို လျှောက်ထားနိုင်မည် ဖြစ်ပြီး အင်္ဂလန်ဘွဲ့ဒီဂရီကို ပညာ သင်ဆုဖြင့် လျှောက်ထားရယူနိုင် မည့် အခွင့်အရေးများကို ဒသမ တန်း၊ IGCSEအောင်လက် မှတ်များ အပေါ်မူတည်၍ ၈၀ ရာခိုင်နှုန်းအထိ လျှောက်ထား ရယူနိုင်မည်ဖြစ် ကြောင်း သိရသည်။
.
ထို့အပြင် မာစတာတန်းများအ တွက် ပညာသင်ဆု ၅၀ ရာခိုင်နှုန်း အထိ လျှောက်ထား ရယူနိုင်မည်ဖြစ် ပြီး တစ်ပတ်လျှင် နာရီ ၂၀ နှင့် ပိတ် ရက်များတွင် တရားဝင်အလုပ် လုပ် ကိုင်နိုင်ရန်၊ ဝင်ငွေလုပ်ခ လစာ (အ လုပ်သင်ကာလ) များကိုထားရှိပေး ပြီး ဘွဲ့ရပါက မိတ်ဖက်ကုမ္ပဏီများ တွင် အလုပ်အကိုင် ခိုင်မာစွာရရှိနိုင် မည်ဖြစ်သည့်အပြင် စင်္ကာပူ၊ ထိုင်း၊ တရုတ်နှင့် မလေးရှားနိုင်ငံတို့မှ တစ် ဆင့် အခြားနိုင်ငံကြီးများသို့ Study Abroad နှင့် Semester Exchange Progam များသို့ ကုန်ကျစရိတ်သက် သာစွာဖြင့် တက်ရောက်နိုင်မည်ဖြစ် ကြောင်း သိရသည်။
.
ပညာရေးပြပွဲသို့ တက်ရောက် ရန် စာရင်းပေးသွင်းလို သူများအနေ ဖြင့် MSI ရန်ကုန်ရုံးချုပ်၊ မန္တလေး ရုံးခွဲများသို့ ဆက်သွယ်ဆောင်ရွက် နိုင်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats