မိုင်းဆတ်တွင် ငွေကျပ် သိန်းပေါင်း တစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, December 29, 2019

မိုင်းဆတ်တွင် ငွေကျပ် သိန်းပေါင်း တစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ


စုလှိုင်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ မိုင်းထလန်ကျေးရွာအုပ်စု၊ “ဝ” အထူးဒေသ (၂) နယ်မြေ၊ ယောင်ခ ဈေးတွင် ဒီဇင်ဘာလ ၂၈ ရက်က ငွေကျပ် သိန်းပေါင်း ၁၃၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
.

.
မိုင်းဆတ်မြို့နယ်၊ မိုင်းထလန်းကျေးရွာအုပ်စု၊ “ဝ” အထူးဒေသ နယ်မြေ (၂)၊ ယောင်းခဈေး၊ နားယောင်းကျေး ရွာရှိ ဆိုင်ခန်းတစ်ခုတွင် ငှားရမ်းနေထိုင်သည့် ကျော့ချိုင်း၏ အခန်းအား အမှတ် (၂၉) မူးယစ်တပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေ ရာ ၎င်းအား မတွေ့ရဘဲ ဆိုင်ခန်းသံစင် ကြမ်းပြင်တွင် ဆာလာအိတ် ၁၃ အိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား စုစုပေါင်း ၁၃ သိန်း၊ ကာလတန်ဖိုး ငွေကျပ် သိန်း ၁၃၀၀၀ အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်ပါ၍ စိတ်ကြွဆေးပြားများ လက်ဝယ်ထားရှိသူ ကျော့ချိုင်း (ထိုင်းနိုင်ငံသားဟု ယူဆရသူ) အား မိုင်းတွမ်းနယ်မြေရဲစခန်းမှ မယ (ပ) ၅၀/၂၀၁၉ ၊ မူး/စိတ် ပုဒ်မ -၁၉ (က)ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးရမိရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)