မီဒီယာ လွတ်လပ်ခွင့်ကို ထိပါးလာသည့် ကန့်သတ်ချက်အရ သတင်းမီဒီယာကောင်စီမှ တရုတ်သံအမတ်ထံ ကန့်ကွက်စာ ပေးပို့ - Kanbawza Tai News

Breaking

Boxed(True/False)

Tuesday, December 24, 2019

မီဒီယာ လွတ်လပ်ခွင့်ကို ထိပါးလာသည့် ကန့်သတ်ချက်အရ သတင်းမီဒီယာကောင်စီမှ တရုတ်သံအမတ်ထံ ကန့်ကွက်စာ ပေးပို့


မင်းဇော်မင်း
.
မြန်မာ့မီဒီယာ လွတ်လပ်ခွင့်ကို ထိပါးလာသည့် နိုင်ငံရေးသတင်း မ ရေးရ ဟူသည့် ကန့်သတ်ချက်အရ မြန်မာနိုင်ငံ သတင်းမီဒီယာကောင် စီမှ တရုတ်နိုင်ငံ သံအမတ်ထံ ကန့် ကွက်စာပေးပို့ခဲ့သည်ဟု သိရသည်။
.
 
.
တရုတ်နိုင်ငံထုတ် ယူနန်ဒေးလီး မှ ကျင်းပပြုလုပ်မည့် Twin City Media Forum အခမ်းအနားအတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင် စီသို့ ဖိတ်ကြားရာတွင် ကောင်စီ ကိုယ်စားအဖွဲ့ဝင် ဦးဇေယျာလှိုင်ကို တာဝန်ပေးအပ်ခဲ့ရာမှ ဗီဇာ ပြုလုပ် ရာတွင် တရုတ်နိုင်ငံရေးအကြောင်း မရေးမှသာ ဗီဇာထုတ်ပေးမည်ဖြစ် ကြောင်း သိရသည့်အတွက် ယင်းသို့ ကန့်ကွက်စာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
.
တရုတ်သံရုံးကို ဗီဇာကိစ္စအ တွက် ကိုယ်စားလွှတ်တော့ ကိုယ် တိုင်လာမှ ရမယ်ဆိုလို့ ကိုယ်တိုင် သွားတယ်။ ဘာကောင်စီလဲ မေးလို့ နိုင်ငံတော်သမ္မတကိုယ်တိုင် လက် မှတ်ရေးထိုးပြီး ခန့်အပ်တဲ့ မီဒီယာ ကောင်စီဆိုပြီး ရှင်းပြရတယ်။ အဲဒီ မှာ စာရွက်အလွတ်တစ်ရွက်ပေးပြီး တရုတ်ပြည်က ပြန်လာရင် တရုတ် နိုင်ငံရေးကို သတင်းမရေးပါဘူးဆိုတဲ့ ခံဝန်ချက်ကို အင်္ဂလိပ်လို ရေးခိုင်း တယ်။ ဒါက မလိုလားအပ်တဲ့၊ နှိမ်တဲ့ ဆက်ဆံရေးပဲ။ ချစ်ကြည်ရေးဆိုရင် ဒီလို တစ်ဖက်သတ် ဆက်ဆံရမှာ မဟုတ်ဘူးလို့ ပြောပြီးပြန်ခဲ့တယ်။ သွားခွင့်လဲ မရတော့ဘူး။ ဒါနဲ့ကောင် စီကို တင်ပြတော့ အစည်းအဝေး ထိုင်ပြီး တရုတ်သံရုံးကို ကန့်ကွက် စာ ပို့တာပါ” ဟု မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ အဖွဲ့ဝင် ဦးဇေယျာ လှိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တရုတ်နိုင်ငံဘက်မှ ဖိတ်ကြား ရာတွင် NLD ပြန်ကြားရေးမှ မုံရွာ ဦးအောင်ရှင်၊ ပြန်ကြားရေးဝန်ကြီး ဌာန၊ သတင်းစာဆရာ၊ စာရေးဆရာ အချို့ကိုလည်း ဖိတ်ကြားခဲ့သော် လည်း ယင်းကဲ့သို့ ခံဝန်ထိုးခိုင်းခြင်း ရှိ/မရှိကိုမူ သေချာစွာ မသိရဟု ၎င်း က ဆိုသည်။
.
ယင်းကဲ့သို့ တရုတ်နိုင်ငံ၏ နိုင်ငံ ရေး သတင်း မရေးရန် ဝန်ခံချက် လက်မှတ် ရေးထိုးခိုင်းခြင်း အပေါ် နိုင်ငံ၏ ဝါဒနှင့် ဆန့်ကျင်နေသလို ဖွဲ့စည်းပုံ အခြေခံဥပဒေအရလည်း လွတ်လပ်စွာရေးသားခွင့် ရှိသည့်မူ ကို ဆန့်ကျင်နေသည့် အတွက် အ ဆိုပါခရီးစဉ်အား ငြင်းပယ်ခဲ့ကြောင်း သတင်းမီဒီယာကောင်စီသို့ ပြန်လည် တိုင်ကြားလာသဖြင့် ယခုလို ကန့်  ကွက်ရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဌ ဦး အုန်းကြိုင်က ပြောသည်။
.
မြန်မာနိုင်ငံဟာ အချုပ်အခြာ အာဏာ လွတ်လပ်တဲ့နိုင်ငံဖြစ်တယ်။ အခြေခံဥပဒေက ပေးထားတဲ့ နိုင်ငံ သားတိုင်း လွတ်လပ်စွာ ထုတ်ဖော် ခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်ဆိုတဲ့ လူ့အခွင့်အရေးတွေ ရှိတယ်။ မီဒီ ယာကောင်စီကလည်း ဒီဟာကို  ဆက်လက် အကောင်အထည်ဖော် နေတယ်။ ဒါကို ဒီလိုချုပ်ကိုင်တာ မ မှန်ဘူး ထင်တယ်။ ဒါကြောင့် ကန့် ကွက်စာ ပို့လိုက်တယ်” ဟု ဦးအုန်း ကြိုင်က ပြောသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သတင်းမီဒီယာကောင်စီဝင်များက ဒီဇင်ဘာလ ၁၃ ရက်တွင် အစည်း အဝေးထိုင် ဆုံးဖြတ်ခဲ့ပြီးနောက် မြန် မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ထံ သို့ သတင်း လွတ်လပ်ခွင့်ကို ထိန်း ချုပ်ခြင်းမှာ မမှန်ကန်ကြောင်း စာရေးသား ပေးပို့ခဲ့ခြင်း ဖြစ်သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)