စုလှိုင်
.
ဒုတိယအကြိမ်မြောက် ရှမ်းပြည် နယ်
ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉ ကို နိုဝင်ဘာလ ၂၆ ရက်က တောင်ကြီး မြို့၊ Royal
Taunggyi ဟိုတယ်တွင် ကျင်းပရာ အခမ်းအနားတွင် ရှမ်း
ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်သည် မြန်မာနိုင် ငံတွင်
စီးပွားရေးအင်အား တောင့် တင်းခိုင်မာသော ပြည်နယ်တစ်ခုဖြစ် သည်ဟု ပြောဆိုခဲ့သည်။
.
.
အခမ်းအနားကို ရှမ်းပြည်နယ် ဝန်ကြီးချုပ်
ဒေါက်တာလင်းထွဋ်၊ ရင်း နှီးမြှုပ်နှံမှုနှင့်
နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် ဂျာမဏီ သံအမတ်ကြီး H.E
Mr. Thomas Neisinger တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က
အဖွင့်အမှာ စကား ပြောကြားရာတွင် ရှမ်းပြည် နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ်
အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် အဘက် ဘက်မှ
ကြိုးပမ်းဆောင်ရွက်ခဲ့သော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မ တီနှင့်အတူ လုပ်ငန်းရှင်များအားလုံး ကို
ကျေးဇူးတင်ရှိပါကြောင်း၊ ဖိုရမ် ကျင်းပနိုင်ရေးအတွက် အဓိက ဝိုင်း ဝန်း
ကူညီပံ့ပိုးပေးခဲ့သော ဂျာမဏီ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အ စည်း (GIZ) ကိုလည်း အထူးကျေးဇူး တင်ရှိပါကြောင်း၊ရှမ်းပြည်နယ် အ တွင်းတန်ဖိုးရှိသော
ရင်းနှီးမြှုပ်နှံမှု အ လား အလာကောင်းများကို ဆွေးနွေး မှုများမှတစ်ဆင့် ဖော်ထုတ်နိုင်ရန်
မျှော်လင့်မိပါကြောင်း၊ ရှမ်းပြည်နယ် သည် ကောင်းမွန်အေးမြသော ရာသီ ဥတုရှိခြင်း၊
စိုက်ပျိုးရန် ကောင်းမွန် သည့် မြေဧရိယာ များစွာကျန်ရှိနေ ခြင်း၊
လှပပြီးစိတ်ဝင်စားဖွယ် ကောင်း သော သဘာဝရေကန်များ၊ လိုဏ်ဂူ များ၊ တောတောင်များ၊
သာသနာ့ နယ်မြေများ ရှိခြင်း၊ တရုတ်၊ ထိုင်း၊ လာအို နိုင်ငံများနှင့်
နယ်နိမိတ်ချင်း ထိစပ်လျက်ရှိခြင်း၊ မြန်မာနိုင်ငံ၏ အ ဓိကကျသည့်
ကုန်သွယ်ရေးဇုန်များ ရှိခြင်း၊ သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက်များ ပေါကြွယ်စွာ
ထွက်ရှိ ခြင်း၊ ရေ၊ လျှပ်စစ်မီး၊ လမ်း အစရှိ သော အခြေခံ အဆောက်အအုံများ တင့်တယ်စွာ
ရှိနေခြင်း၊ လေယာဉ် ကွင်းများရှိခြင်း၊ လေယာဉ်ကွင်းများ နှင့် လေကြောင်းလိုင်းများ
တိုးချဲ့ရန် အစီအစဉ်များရှိခြင်း၊ အာရှအဝေး ပြေး လမ်းမကြီးများ ဖြတ်သန်းရာ
လမ်းကြောင်းပေါ်တွင်ရှိခြင်း အစရှိ သည့်အချက်များနှင့် ပြည့်စုံလျက်ရှိ
ခြင်းကြောင့် ရှမ်းပြည်နယ်သည် မြန် မာနိုင်ငံတွင် စီးပွားရေး အင်အား တောင့်တင်း
ခိုင်မာသည့် ပြည်နယ် တစ်ခု ဖြစ်ပါကြောင်းဖြင့် ပြောကြား ခဲ့သည်။
.
ဆက်လက်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့်
နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန် မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္က ဋ္ဌ ဦးသောင်းထွန်းနှင့် မြန်မာနိုင်ငံဆိုင် ရာ
ဂျာမဏီနိုင်ငံသံအမတ်ကြီး H.E. Mr Thomas Neisinger တို့က အ
မှာစကားများ အသီးသီး ပြောကြားခဲ့ ကြောင်း သိရသည်။
.
ဖိုရမ်တွင် ရှမ်းပြည်နယ် အစိုးရ ၏
ရင်းနှီးမြှပ်နှံမှုမြှင့်တင်ရေး ဆောင် ရွက်ချက်များ ဖြစ်သည့် Promotion
Video Clip များပြသပြီး ရင်းနှီးမြှပ်နှံ မှုနှင့် ကုမ္ပဏီများ
ညွန်ကြားရေး ဦးစီး ဌာန ညွှန်ကြားရေးမှူးချူပ် ဦးသန့်စင် လွင်က မြန်မာနိုင်ငံ၏
စိုက်ပျိုးရေး ကဏ္ဍဆိုင်ရာ ရင်းနှီးမြှပ်နှံမှုများကို လည်းကောင်း၊
ရှမ်းပြည်နယ်စိုက်ပျိုး ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦး တင်ဦးကြိုင်က
ရှမ်းပြည်နယ်၏ စိုက် ပျိုးရေးဆိုင်ရာ အခွင့်အလမ်းများကို လည်းကောင်း၊
ရှမ်းပြည်နယ်တောင် ပိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ
စိုက်ပျိုးရေး ပညာရှင် ဦးစို်င်းဖြိုးလွင်ဦးက ရှမ်း ပြည်နယ်အတွင်း
ရင်းနှီးမြှုပ်နှံမှု လုပ် ငန်းများ အခြေအနေ တို့ကိုလည်း ကောင်း
ဆွေးနွေးခဲ့ကြောင်း သိရ သည်။
.
ထို့နောက် ဆွေးနွေးပွဲကို ဆက် လက်ကျင်းပရာ
ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူ ရေးနှင့်
ဆည်မြောင်းဝန်ကြီး ဦးစိုင်း လုံကျော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား
စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အ မြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး၊ Fresh
Studio မှ Country Director Ms. Esther Wintraneken၊ Genius Coffee မှ ဒါရိုက်တာ ဦးငွေထွန်းနှင့် Metro
Wholesale Myanmar မှ Chief Executive Officer Mr. Jens
Michel တို့က ကဏ္ဍ အလိုက်ဆွေး နွေးခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့
ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်က နိဂုံးချုပ် အ
မှာစကား ပြောကြားခဲ့ကြောင်း သိရ သည်။
.
အဆိုပါ ဖိုရမ်သို့ တက်ရောက် လာသော
ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံသူများနှင့် ဒေသတွင်း လုပ်ငန်း ရှင်များသည်
နိုဝင်ဘာလ ၂၇ ရက် တွင် အေးသာယာစက်မှုဇုန် အပါအ ဝင် ရင်းနှီးမြှုပ်နှံမှု အလားအလာ
ကောင်းသည့် နေရာများသို့သွား ရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
.
ယင်းဖိုရမ်သည် ရှမ်းပြည်နယ် တွင်
ဒုတိယအကြိမ်မြောက် ပြုလုပ် ခြင်းဖြစ်ပြီး ပထမအကြိမ် ရှမ်းပြည်နယ်
ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်က ယင်းဟိုတယ်၌ပင်
ကျင်းပပြုလုပ်ခဲ့ ပြီး ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment