လားရှိုးမြို့တွင် ကျပ်သိန်း ၅၇၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, December 15, 2019

လားရှိုးမြို့တွင် ကျပ်သိန်း ၅၇၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ


စုလှိုင်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ပုန်းထွန်ကျေးရွာအနီး လားရှိုး-မန္တလေးသွား ပြည်ထောင်စုလမ်းမပေါ်တွင် ဒီဇင်ဘာလ ၁၄ ရက်က တန်ဖိုး ငွေကျပ် သိန်း ၅၇၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
Photo - CCDAC Myanmar
 
.
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၁၄ ရက်က လားရှိုး-မန္တလေးသွား ပြည်ထောင်စုလမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ်များအား တားဆီးစစ်ဆေး မှုများ ဆောင်ရွက်နေစဉ် လားရှိုးဘက်မှ သီပေါဘက်သို့ ကွတ်ခိုင်မြို့နယ်နေ တန်ဂွမ်း (ခ) မဂွမ်း မောင်းနှင်ပြီး လွမ်းခေါင် (၃၇ နှစ်)၊ မဂျီဂျာအိန်း (၂၁ နှစ်)၊ မဘောက်ဆိုင်း (၂၃ နှစ်)နှင့် လယ်ဝေးမြို့နယ်နေ ထိန်လင်းအောင် (၂၈ နှစ်) တို့ လိုက်ပါစီးနင်းလာသည့် မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေး ရှာဖွေရာ ယာဉ်မောင်း တန်ဂွမ်း (ခ) မဂွမ်းမှာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ယာဉ်အား ဆက်လက် ရှာဖွေရာ သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူ အလေးချိန် ၂ ဒသမ ၈၉၃ ကီလို၊ ကာလပေါက်ဈေး တန်ဖိုး ၅၇၈ ဒသမ ၆ သိန်းနှင့် မြန်မာငွေကျပ် ၂ သိန်းခွဲတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ နောင်မွန်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)