တာချီလိတ်တွင် KTV ဆိုင် ရာကျော် ရှိနေသော်လည်း တရားဝင် ၃၁ ဆိုင်သာ ရှိဟု စည်ပင်ဝန်ကြီး ပြောကြား - Kanbawza Tai News

Breaking

Boxed(True/False)

Wednesday, December 25, 2019

တာချီလိတ်တွင် KTV ဆိုင် ရာကျော် ရှိနေသော်လည်း တရားဝင် ၃၁ ဆိုင်သာ ရှိဟု စည်ပင်ဝန်ကြီး ပြောကြား


စိုင်းရာဇာ
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာ ချီလိတ်မြို့နယ်တွင် KTV ဆိုင် ရာ ကျော် ရှိနေသော်လည်း တရားဝင် ခွင့်ပြုထား သည့်ဆိုင် ၃၁ ဆိုင် သာ ရှိသည်ဟု ရှမ်းပြည်နယ်အစိုးရ အ ဖွဲ့ဝင် ပြည်နယ်စည်ပင် သာယာရေး ဝန်ကြီး ဦးစိုင်းစွံဆိုင်းက ပြောကြား ခဲ့သည်။
.
 
.
တာချီလိတ်မြို့နယ်မှာ ကာရာ အိုကေ လုပ်ငန်းလိုင်စင် လျှောက် ထားရယူသူ ၃၁ ဦး ရှိပါတယ်။ သတ် မှတ် စည်းကမ်းချက်တွေနဲ့လိုက်နာမှု မရှိတဲ့ လုပ်ငန်းရှင်တွေကို ရုပ်မြင် သံကြားဗွီဒီယိုဥပဒေ အခန်း ၆၊ ဥပ ဒေ ပုဒ်မ ၂၀၊ ပြည်နယ်/တိုင်း ဗွီဒီ ယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော် မတီရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့် ပုဒ်မ ခွဲ (ဂ)အရ အပြစ်ပေးအရေးယူဆောင် ရွက်သွားပါမယ်”ဟု ဝန်ကြီး ဦးစိုင်းစွံ ဆိုင်းက ပြောသည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီ လိတ်မြို့နယ်အတွင်း တရားမဝင်ဖွင့် လှစ်ထားသော ကာရာအိုကေဆိုင် များနှင့် ပတ်သက်၍ ဌာနဆိုင်ရာများ မှ ငွေကြေးတောင်းခံမှုအပေါ် ပြည် နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဆန်းဝင်းအောင် (ခ) ဦးအောင် အောင်၏ မေးခွန်းမေးမြန်းမှုအပေါ် ပြည်နယ် စည်ပင်သာယာရေး ဝန် ကြီးက ယင်းကဲ့သို့ ပြန်လည်ဖြေကြား ခဲ့ခြင်း ဖြစ်သည်။
.
ကာရာအိုကေ လုပ်ငန်းလိုင်စင် ချထားရာတွင် သတ်မှတ်စည်းကမ်း ချက် ၁၆ ချက်ပါရှိကာ တာဝန်ခံရပ် ကွက်၊ ကျေးရွာအုပ်ချုပ်ရေး၊ အနီး ပတ်ဝန်းကျင်ရှိ လူနေအိမ်များ၏ ခွင့်ပြုချက်ပါမှသာ လျှောက်ထား ဖွင့်လှစ်ခွင့်ရှိကြောင်း သိရသည်။
.
တာချီလိတ်မြို့၊ ရွှေတိဂုံဘုရား အနီးတွင် ဖွင့်လှစ်ထားသော ကာ ရာအိုကေဆိုင်များသည် ဘုရားနှင့် ကိုက် ၃၅၀ အကွာအဝေးတွင်တည် ရှိပြီး သာသနာရေးဆိုင်ရာ ကိစ္စရပ် များ ဆောင်ရွက်နေခြင်းကြောင့် အ နှောင့်အယှက် ဖြစ်ပေါ်နေသဖြင့် မြို့ နယ် ဗွီဒီယိုစိစစ်ကြီးကြပ်ရေးကော် မတီဥက္ကဌမှတစ်ဆင့် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနှင့် အတူ ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ငန်း တည်နေရာ ပြောင်းရွှေ့ဖွင့်လှစ်နိုင် ရေးအတွက် စီစဉ် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ရှမ်းပြည်နယ်၏ မြို့ တော် တောင်ကြီးမြို့ရှိ ကာရာအိုကေ ဆိုင်များသည်လည်း သတ်မှတ်ချိန် ည ၁၁ နာရီကျော်အထိ ဖွင့်လှစ်မှုများ  ရှိနေပြီး အချို့သောဆိုင်များတွင် အ ကူသီဆိုသော အမျိုးသမီးများလည်း ရှိနေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)