ကျိုင်းတုံတွင် ကျောင်းသားနှင့် မိဘတစ်ဦးအား မချေမငံ ခြိမ်းခြောက် ပြောဆိုခဲ့သည်ဟုဆိုကာ ဆရာမ တစ်ဦးကို တိုင်ကြား - Kanbawza Tai News

Breaking

Boxed(True/False)

Friday, December 27, 2019

ကျိုင်းတုံတွင် ကျောင်းသားနှင့် မိဘတစ်ဦးအား မချေမငံ ခြိမ်းခြောက် ပြောဆိုခဲ့သည်ဟုဆိုကာ ဆရာမ တစ်ဦးကို တိုင်ကြား


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့၊ လေယာဉ်ကွင်းလမ်းရှိ အမှတ် (၅) အခြေခံပညာ အထက်တန်း ကျောင်းမှ အလယ်တန်းပြ ဆရာမ ဒေါ်ဝတ်ရည်စိုး ဆိုသူသည် ကျောင်း သားတစ်ဦးနှင့် ၎င်း၏ ဖခင်တို့အား မချေမငံ ပြောဆိုခြိမ်းခြောက်ခဲ့သည် ဟုဆိုကာ ကျောင်းသား၏ အုပ်ထိန်း သူဖခင် ဦးမောင်လွင်က ရှမ်းပြည် နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှု ရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် ကျိုင်းတုံမြို့နယ် ပညာရေးမှူးထံသို့ တိုင်ကြားစာ ပေးပို့ခဲသည်ဟု သိရ သည်။
.
.
အလယ်တန်းပြဆရာမ ဒေါ်ဝတ် ရည်စိုးသည် ကျောင်းချိန်ပြင်ပတွင် ၎င်း၏ နေအိမ်၌ ကျူရှင်ခေါ်ယူသင် ပြချိန်အတွင်း ကျောင်းသားချင်းခိုက် ရန်ဖြစ်ပွားခဲ့သည်ကို အကြောင်းပြု ၍ ကျောင်းသားတစ်ဦးနှင့် ၎င်း၏ ဖခင်တို့အား မချေမငံ ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
ကျိုင်းတုံမြို့၊ အမှတ် (၅) အ ခြေခံပညာ အထက်တန်းကျောင်း၊ ဆဋ္ဌမတန်း (က)တွင် ပညာသင်ယူ နေသော မောင်ထူးဝေယံသည် ယင်း ကျောင်းရှိ ဆရာမဒေါ်ဝတ်ရည်စိုးထံ တစ်လ ၁၀၀၀၀ ကျပ်ဖြင့် ကျောင်း ချိန်ပြင်ပ၌ ဘာသာစုံကျူရှင်နေခြင်း ဖြစ်ပြီး ဒီဇင်ဘာလ ၁၂ ရက်က ကျူ ရှင်၌ရှိနေစဉ် ကလေးချင်း ရန်ဖြစ်ခဲ့ သည်ကို အကြောင်းပြု၍ ဆရာမ ဒေါ်ဝတ်ရည်စိုးက ကျူရှင်မနေချင် ထွက်သွားဟု အော်ဟစ်ခြိမ်းခြောက် ပြောဆိုခဲ့သောကြောင့် မောင်ထူး ဝေယံသည် ငိုယိုကာ နေအိမ်သို့ ပြန် လာရာတွင် ဖခင်ဖြစ်သူက ကလေး အား ခေါ်ယူ၍ အကျိုးအကြောင်း မေးရန်အတွက် ကျူရှင်သို့ သွားရာ တွင် ယင်းဆရာမကပင် ကလေးကို မောင်းထုတ်တော့ အဖေကိုယ်တိုင် လိုက်လာတယ်။ ကျူရှင်ခ မပေးနိုင် တာကျတော့ အဖေကိုယ်တိုင် လာမ ပြောဘူးဟု မချေမငံ ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ အခကြေးငွေယူကာ ကျူရှင်ပြနေသည့် ဆရာမတစ်ဦးမှ ကျောင်းသားနှင့် အုပ်ထိန်းသူ ဖခင် တို့အား မလျော်ဩဇာသုံး၍ ရိုင်းပြ မောက်မာစွာ မချေမငံ ဆက်ဆံခဲ့မှု အား ထိရောက်စွာ အရေးယူပေးရန် တိုင်ကြားအပ်ပါကြောင်း အဆိုပါ တိုင်ကြားစာတွင် ဖော်ပြပါရှိသည်။
.
ကျောင်းဆရာ/ဆရာမတွေကို အခကြေးငွေယူပြီး ကျူရှင်မပြရဘူး လို့ စာသင်နှစ်စမှာ ခံဝန်လက်မှတ် ရေးထိုးပြီး သတိပေးထားပါတယ်” ဟု ကျိုင်းတုံမြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယပညာရေးမှူး ဦးဇော်လင်းက  ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်သူ ဆရာမဒေါ်ဝတ်ရည် စိုးအား ကမ္ဘောဇတိုင်းမှ သွားရောက် တွေ့ဆုံ မေးမြန်းရာတွင် “ကျွန်မ ဒီ ကိစ္စကို ဘာမှမသိလို့ ဘာမှ ပြောစ ရာမရှိပါဘူး” ဟု ဖြေကြားခဲ့သည်။
.
ဝင်ငွေနဲ့ မလောက်ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ငွေယူပြီး ကျူရှင် ပြစားနေသူတွေထဲမှာ ဒီလိုဆရာမ ရှိနေတာကတော့ ငါးခုံးမတစ်ကောင် ကြောင့် တစ်လှေလုံး ပုပ်သလို ဖြစ် နိုင်ပါတယ်”ဟု ကျိုင်းတုံဒေသခံ တစ်ဦးက ပြောသည်။
.
ကျိုင်းတုံမြို့နယ်အတွင်းရှိ အ ခြေခံပညာကျောင်းများတွင် တာဝန် ထမ်းဆောင်နေသည့် ဆရာ/ဆရာ မများအား အခကြေးငွေဖြင့် ကျူရှင် မပြရန် ညွှန်ကြားထားသော်လည်း လိုက်နာမှု အားနည်းနေဆဲ ဖြစ်ပြီး မိသားစုဝင် တစ်ဦးဦး၏  အမည်ခံ ၍ အခကြေးငွေဖြင့် ပြင်ပဘော်ဒါ ဆောင် ဖွင့်လှစ်နေသည့် ဆရာ/ဆ ရာမအချို့လည်း ရှိနေကြောင်း သိရ သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)