ကျိုင်းတုံတွင် အသက် ၁၀ နှစ်အရွယ် ကျောင်းသူတစ်ဦး အဓမ္မ ပြုကျင့်ခံရ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Saturday, December 28, 2019

ကျိုင်းတုံတွင် အသက် ၁၀ နှစ်အရွယ် ကျောင်းသူတစ်ဦး အဓမ္မ ပြုကျင့်ခံရ


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာအုပ်စု၊ ပန်းတောင်းကျေးရွာ မူလဘတန်းကျောင်း တွင် ပညာသင်ယူနေသည့် အသက် ၁၀ နှစ်အရွယ် ကျောင်းသူတစ်ဦးအား ယင်းကျောင်းမှ ဝန်ထမ်းအမျိုးသမီး၏ ခင်ပွန်းက အကြိမ်ကြိမ် အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.

.
အဓမ္မပြုကျင့်ခံရသည့် ကျောင်းသူသည် ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာအုပ်စု၊ ပန်းတောင်းရွာရှိ ပန်ကုလား အမက ကျောင်း၌ တာဝန်ကျနေသည့် ဆွေမျိုးတော်စပ်သူ ဝန်ထမ်းအမျိုးသမီးနှင့် ခင်ပွန်း ဦးယာဒန်တို့၏ နေအိမ်တွင် လာရောက်နေထိုင်၍ ကျောင်းတက်နေခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်းမိန်းကလေးအား တစ်အိမ်တည်းအတူနေသူ ဦးယာဒန် ဆိုသူမှ ၂၀၁၉ ခုနှစ်အတွင်း အကြိမ်ကြိမ် အဓမ္မ ပြုကျင့်မှု ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ဇနီးဖြစ်သူ ခရီးသွားနေခိုက်တွင် မိန်းကလေးငယ်မှ ကျောင်းရှိ ဆရာမတစ်ဦး အား တိုင်ကြားရာမှ ဖြစ်စဉ်ကို သိရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
.
“ဦးယာဒန်နဲ့ သူ့အမျိုးသမီးတို့က ရွာထဲက သူတို့ပိုင်အိမ်မှာ နေကြတာဖြစ်ပါတယ်။ ဦးယာဒန့်က တရားမဝင် ရမ်းကု ဆေးထိုးတာ လုပ်တယ်လို့ သိရတယ်။ ကလေးမက ဆေးရုံတက်နေပြီ။ မိဘအုပ်ထိန်းသူ အဒေါ်လည်း ကျိုင်းတုံ ကို လာနေပြီလို့ သိရပါတယ်” ဟု ယန်းခကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်လတ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါအမှုနှင့် ပတ်သက်၍ အသက်မပြည့်သေးသည့် မူလတန်းကျောင်းသူ မိန်းကလေးငယ်အား အကြိမ်ကြိမ် အဓမ္မ ပြုကျင့်ခဲ့သူ ဦးယာဒန့် (၆၀ နှစ်) အား ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့်ထိန်းသိမ်းထားရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)