ကျိုင်းတုံမြို့ရှိ ပါလျံတံခါးဝင်ပေါက်မှ ယာဉ်ကြီးများ မောင်းနှင်ဖြတ်သန်းခွင့် ပိတ်ပင်ထား - Kanbawza Tai News

Breaking

Boxed(True/False)

Friday, December 27, 2019

ကျိုင်းတုံမြို့ရှိ ပါလျံတံခါးဝင်ပေါက်မှ ယာဉ်ကြီးများ မောင်းနှင်ဖြတ်သန်းခွင့် ပိတ်ပင်ထား


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့၊ အမှတ် (၃)ရပ်ကွက်ရှိ သ မိုင်းဝင် ပါလျံတံခါး ဝင်ပေါက်မှ မော်တော်ယဉ်ကြီးများ ဖြတ်သန်း သွားလာခွင့် မပြုရန် ဒီဇင်ဘာလ ၁၈ ရက်မှ စတင်၍ ပိတ်ပင် တားမြစ် ထားကြောင်း သိရသည်။
.
 
.
ပါလျံတံခါးသည် ကျိုင်းတုံမြို့ အား အုပ်ချုပ်ခဲ့သည့် စော်ဘွား စဝ် အိုက်ခွန် လက်ထက် AD ၁၃၈၇ ခု နှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး စော်ဘွား စဝ်ဆမ် လက်ထက် AD ၁၄၁၉ နှင့် စော်ဘွား စဝ်မခန် လက်ထက် AD ၁၈၁၈ ခုနှစ်အထိ တည်ရှိခဲ့သည့်သမိုင်းဝင် အဆောက် အဦဖြစ်ကြောင်း သိရသည်။
.
ပါလျံတံခါးပေါက်ကို ကျောက် အမျိုးအစားနဲ့ တည်ဆောက်ထား ပြီး ထုထည်ကြီးမားပေမယ့် အောက် ခြေ ဖောင်ဒေးရှင်း ချထားတာမျိုး မဟုတ်ဘဲ မြေပေါ်မှာ တည်ရုံအနေ အထားနဲ့ ဆောက်ထားတာ ဖြစ်ပါ တယ်။ ယာဉ်ကြီးတွေ ဖြတ်သန်း သွားလာတဲ့အခါ တုန်ခါအားနဲ့ဖြစ် စေ၊ တိုက်မိလို့ဖြစ်စေ ဒီတံခါးကြီး ပြို လဲသွားမှာ စိုးရိမ်လို့ ယာဉ်ကြီးတွေ ဖြတ်သန်းခွင့် မပြုတော့ပါဘူး” ဟု ကျိုင်းတုံခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်း မင်းသန်းက ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
ရှမ်းလူမျိုးတွေ အမြတ်တနိုးနဲ့ တန်ဖိုးထားပြီး ထိန်းသိမ်းအပ်တဲ့ သမိုင်းအမွေဖြစ်ပါတယ်။ စော်ဘွား တွေ တည်ဆောက်ထားခဲ့ကြတဲ့ ရှေး ဟောင်းအမွေပစ္စည်းတွေ တစ်စစနဲ့ ယိုယွင်းပျက်စီးမသွားအောင် ဒေသ နေပြည်သူနဲ့ ဌာနဆိုင်ရာတာဝန်ရှိ သူတွေက ဝိုင်းဝန်းထိန်းသိ်မ်းစောင့် ရှောက်ကြစေချင်ပါတယ်” ဟု ကျိုင်း တုံမြို့နေ ရှမ်းတိုင်းရင်းသားတစ်ဦး က ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ကျိုင်းတုံမြို့တွင် ကျုံးပတ်လည် နှင့် မြို့ရိုးတံခါး ၁၂ ပေါက်ရှိရာ ပါ လျံတံခါးအပါအဝင် ရှမ်းစော်ဘွား အုပ်ချုပ်သူများ၏ ဂူဗိမာန်များ တည် ရှိပြီး မြို့လယ် မဟာမြတ်မုနိ ဗုဒ္ဓ မြတ်စွာဘုရား ရုပ်ပွားတော်နှင့် သစ် တစ်ပင်တောင်၌ ရှင်သန်နေဆဲ ဖြစ် သည့် ကညင်ဖြူပင်၊ နောင်တုန် ရေကန်တို့မှာ ထင်ရှားသည့် သမိုင်း ဝင်နေရာများ ဖြစ်ကြောင်း သိရ သည်။
.
အေဒီ ၁၉၀၅ ခုနှစ် ကျိုင်းတုံ စော်ဘွားကြီး စဝ်ကွန်ကျောက် အင်း ထလျန် လက်ထက်က တည်ဆောက် ခဲ့သည့် ရှေးဟောင်းအမွေအနှစ် ကျိုင်းတုံဟော်နန်းမှာ ၁၉၉၀ ပြည့် နှစ်အလွန် နဝတအစိုးရ အုပ်ချုပ် စဉ်အခါက ဖျက်ဆီးခံခဲ့ရပြီး ဖြစ် သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)