ရှမ်းရှေ့တွင် ပြောင်းအထွက်နှုန်း ကောင်းသော်လည်း ဈေးနှုန်း ကျဆင်း၍ တောင်သူများ အခက်တွေ့နေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Saturday, December 7, 2019

ရှမ်းရှေ့တွင် ပြောင်းအထွက်နှုန်း ကောင်းသော်လည်း ဈေးနှုန်း ကျဆင်း၍ တောင်သူများ အခက်တွေ့နေ


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံဒေသတွင် ၂၀၁၈-၂၀၁၉ ပြောင်း စိုက်ရာသီချိန်အတွင်း စိုက်ပျိုးထွက် ရှိသော ပြောင်းသီးနှံများ အထွက် ကောင်း၍ ရိတ်သိမ်းထားပြီး ဖြစ် သော်လည်း ပြောင်းစျေးနှုန်းကျဆင်း နေသဖြင့် တောင်သူများ အခက် တွေ့နေရကြောင်း သိရသည်။
.
.
ပြီးခဲ့တဲ့ နှစ်က ပြောင်းစျေး ကောင်းတော့ ဒီနှစ်မှာ စပါးမစိုက်ဘဲ ပြောင်းကို တိုးစိုက်ခဲ့တာ အခုတော့ ပြောင်း စျေးတွေကျနေတော့ အဆင် မပြေဘူးဟု ကျိုင်းတုံမြို့နေ ပြောင်း စိုက်တောင်သူ ဒေါ်မီဗျာက ပြောဆို ခဲ့သည်။
.
ကျိုင်းတုံမြို့နယ်တွင် ယခင်နှစ် မိုးရာသီ ပြောင်းစိုက်ပျိုး ထွက်ရှိချိန်၌ ပြောင်းတစ်ပုံးလျှင် ကျပ် ၆၀၀၀ အ ထိရရှိခဲ့ပြီး ယခုနှစ်တွင် ကျပ် ၄၀၀၀ သာဝယ်လက်ရှိ၍ ဒေသတွင်း မွေးမြူ ရေးလုပ်ငန်းရှင်များကို အဓိက ထား ရောင်းချလျက်ရှိသည်ဟု ပြောင်း စိုက်တောင်သူများထံမှ သိရသည်။
.
ကျွန်တော်တို့ ကျိုင်းတုံမြို့နယ် အနေနဲ့ကတော့ စိုက်ဧက ၃ ထောင် ကျော်မှာ အထွက်နှုန်းက ၂ သိန်း ကျော် ရှိပါတယ်။ဒီနှစ်ပြောင်း စျေးကျ နေတယ်လို့လည်း ကြားပါတယ်ဟု ကျိုင်းတုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာ နမှူး ဦးအောင်ကျော်မင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြောင်းစျေးကွက် ကျဆင်းမှုနှင့် ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာအောင် သူက တရုတ်နိုင်ငံ၏ စနစ်တစ်ခု ကြောင့် ပြောင်းစျေးကွက် ပျက်စီးခဲ့ ခြင်းဖြစ်ပြီး GCP နှင့် ညှိနှိုင်းပြီးနောက် စျေးကွက်ပြန်လည် ကောင်းမွန်လာ ရန်အလားအလာရှိနေသည်ဟု နိုင် ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တောင်ကြီးဒေသခံများ တွေ့ဆုံပွဲ တွင် ပြောဆိုထားသည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ တွင် အစေ့ထုတ်ပြောင်း စိုက်ဧက ပေါင်း ၃၁၀၃၀ ရှိပြီး အထွက်နှုန်း ၁၈၃၁၂၀၅ တင်း ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats