အာခါ တိုင်းရင်းသားတို့၏ ရင်ခွင်ပိုက် ဒုတိယမိခင် ကန်တော့ခြင်း ဓလေ့များ ရှင်သန်ဆဲဖြစ် - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Thursday, December 26, 2019

အာခါ တိုင်းရင်းသားတို့၏ ရင်ခွင်ပိုက် ဒုတိယမိခင် ကန်တော့ခြင်း ဓလေ့များ ရှင်သန်ဆဲဖြစ်


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ တွင် နေထိုင်ကြသည့် အာခါတိုင်း ရင်းသားများ၏ မွေးဖွားလာသည့် သားသမီးများကို အရင်ဦးဆုံး ပွေ့ချီ ပြုစုပေးသည့် ဒုတိယမိခင်အား ကန် တော့သည့် ဓလေ့ထုံးစံများမှာ ယ နေ့တိုင် ရှင်သန်နေဆဲဖြစ်ကြောင်း သိရသည်။
.
 
.
ကိုယ်ဝန်ဆောင်ထားသည့် အာ ခါတိုင်းရင်းသူမိခင်မှ ကလေးငယ်ကို မွေးဖွားချိန်တွင် မီးနေသည့်အခန်း အတွင်း၌ ကလေးငယ်အား စတင် ပွေ့ချီ၍ လိုအပ်သည်များအတွက် ပြု စုပေးသူအား ဒုတိယမိခင်အဖြစ် သတ်မှတ်၍ နှစ်စဉ် ကန်တော့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ဗုဒ္ဓဘာသာအနေနဲ့ အန္တရာယ် ကင်းပရိတ်ကြိုးကို သုံးကြပေမယ့်အ ခုလို ဒုတိယမိခင် ကန်တော့ပွဲမှာ တော့ စေတနာထားပြီး ရိုးရိုးဝါချည် ကြိုးနဲ့ပဲ လာကန်တော့တဲ့သူကနေ ကန်တော့ခံသူရဲ့လက်ကောက်ဝတ် မှာ ၃ ပတ်ချည်ပေး ကြတယ်။ ကြက် ဥပြုတ်ကိုလည်း ဓါးလိုတခြားပစ္စည်း တွေနဲ့ မခွဲရဘဲ သစ်သား ယောင်းမ နဲ့ပဲ ခွဲရပြီး ဒုတိယမိခင်က အရင်စား ပြီးတော့မှ ကန်တော့လာတဲ့ ကလေး နဲ့ မိသားစုဝင်တွေကို တစ်ယောက် နည်းနည်းစီ အဲဒီ ဒုတိယမိခင်ကပဲ လိုက်ခွံ့ကျွေးရပါတယ်” ဟု ကန် တော့ခံ အာခါတိုင်းရင်းသူ ဒေါ်မီဆာ က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ ဒုတိယမိခင် ကန် တော့ရာတွင် ခွက်ငယ်နှင့်ထည့်ထား သည့် ဆန်လှော်မှုန့် အနည်းငယ်၊ ကြက်တစ်ကောင်နှင့် ဆန်ပြုတ် တစ်ဇလုံ၊ ကြက်ဥပြုတ် တစ်လုံး၊ အ ရက်တစ်ခွက်၊ ရေနွေးကြမ်းတစ်ခွက် တို့အား စားပွဲခုံပေါ်တွင် တင်၍ ဒုတိ ယမိခင်အား ဦးစွာစားသောက်စေပြီး မှ လာရောက် ကန်တော့သည့် က လေးနှင့် မိသားစုဝင်များက စားသုံး ရကြောင်း သိရသည်။
.
စားသုံးပြီးနောက်တွင် မွေးဖွား ချိန်၌ စတင်ပွေ့ချီကာ ပြုစုစောင့် ရှောက်မှု ခံယူခဲ့ရသော သား/သမီး ဖြစ်သူမှ ၎င်း၏ ဒုတိယမိခင်အား ဘေးရန်အန္တရာယ်ကင်းစေရန်၊ အ သက်ရှည်၍ ကျန်းမာစေရန်အတွက် ဆုတောင်းပေးပြီး ကလေးတတ်နိုင် သည့် ငွေကြေးကို ဒုတိယမိခင်၏ လက်သို့ ထည့်ပေးခြင်းနှင့် ဒုတိယမိ ခင်၏ လက်၌ ဝါချည်ကြိုးဖြင့် ရစ် ပတ်ချည်နှောင်ပေးခြင်းတို့ကို ပြု လုပ်လေ့ရှိကြောင်း သိရသည်။
.
ကန်တော့ခံသူကလည်း လာ ပြီး ကန်တော့တဲ့ ကလေးနဲ့ ပါလာတဲ့ မိသားစုတွေကို ကျန်းမာသက်ရှည် ပြီး ချမ်းသာပါစေဆိုတဲ့ စေတနာနဲ့ တစ်ဦးချင်းစီရဲ့ လက်ကောက်ဝတ် မှာ ချည်ကြိုးနဲ့ ပြန်ချည်ပေးလေ့ ရှိ ပါတယ်။ ဒီဓလေ့က ကျွန်မတို့အဖိုး အဖွားတွေ လက်ဆင့် ကမ်းပေးပြီးခု ထိရှိနေတာပါ”ဟု ၎င်းက ဆက် လက်ပြောကြားခဲ့သည်။
.
အာခါ တိုင်းရင်းသားများသည် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၌ အ များဆုံး နေထိုင်ကြပြီး အိမ်နီးချင်း ထိုင်း၊ လာအို၊ တရုတ်နိုင်ငံများ၌ လည်း ပြန့်ကြဲ နေထိုင်လျက် ရှိ ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats