ကျောက်မဲတွင် အဝေးပြေး ယာဉ်ရပ်နားစခန်း တည်ဆောက် - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, December 26, 2019

ကျောက်မဲတွင် အဝေးပြေး ယာဉ်ရပ်နားစခန်း တည်ဆောက်


မင်းဇော်မင်း
.
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့မှ လားရှိုးဘက်အ ထွက် အိုရီယမ်တယ် တိုးလ်ဂိတ်အ နီးတွင် အဝေးပြေး ယာဉ်ရပ်နားစ ခန်းတစ်ခု တည်ဆောက်လျက်ရှိ ကြောင်း သိရသည်။
.
 
.
ပင်မ အဆောက်အဦနဲ့ ဆိုင် ခန်း ၅ ခန်းက ကုမ္ပဏီက ဆောင်ရွက် မှာ ဖြစ်ပါတယ်။ ဒေသထွက်ပစ္စည်း တွေနဲ့ စုံစုံလင်လင် ရောင်းချသွားမှာ ပါ။ ယာဉ်တွေ တစ်ထောက်နားအ ပန်းဖြေစခန်း တည်ဆောက်သွား မှာပါ” ဟု အိုရီယမ်တယ် ဟိုင်းဝေး ကုမ္ပဏီ၊ ပြင်ဦးလွင်-လားရှိုးလမ်း စီ မံကိန်း မန်နေဂျာ ဦးသက်ဆွေက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ယာဉ်ရပ်နားစခန်းမှာ အကျယ် ၁၈ ဧကခန့် ရှိပြီး ယာဉ်ပတ် လမ်းများ၊ စားသောက်ဆိုင်များ၊ ခေတ်မီ သန့်စင်ခန်းများဖြင့် တည် ဆောက်လျက်ရှိကာ သဘာဝရေ ထွက်အား မွမ်းမံ၍ ရေပန်းဥယျဉ်၊ ရေတံခွန်အသေးတို့ဖြင့် တန်ဆာ ဆင်ပြီး အနားယူသူများ အပန်းဖြေ စေရန် ရည်ရွယ်ချက်ဖြင့် ဆောက် လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
.
သွားကြည့်တဲ့နေ့က တွေ့မြင် ရတာ အတော်ခေတ်မီမှာ ဖြစ်တယ် လို့ ခန့်မှန်းတယ်။ တွေ့ရှိရတဲ့ ရေ ထွက်က ရေသန့် Ph7 လောက် ရှိ တယ်ပြောတယ်။ ကားပတ်ကွင်းတွေ အပြင် အပေါ်ထပ်မှာ VIP နားနေ ဆောင်ပါပါတာ တွေ့ရတယ်။ ဒီစ ခန်း ပြီးရင်တော့ ခရီးသွားတွေရော မြို့လူထုရော ကျောက်မဲမြို့ရဲ့ သာ ယာမှုကို တစ်ထောက်နားပြီး မြင် တွေ့ အပန်းဖြေနိုင်မှာ ဖြစ်ပါတယ်” ဟု ကျောက်မဲမြို့နယ် အုပ်ချုပ်ရေး မှူး ဦးနိုင်ဝင်းက ဆိုသည်။
.
ကုမ္ပဏီဆိုင်ခန်းအပြင် ဒေသခံ များပါ ပူးပေါင်းဖွင့်လှစ်နိုင်ပါက ပိုမို စည်ကားမည်ဖြစ်သလို ဒေသတိုး တက်ရေး၊ အလုပ်အကိုင် စားဝတ် နေရေး လုပ်ငန်းများလည်း ပါဝင် လာပါက ပိုမိုကြီးကျယ်လာမည့် ယာဉ်ရပ်နားစခန်းမျိုးဖြစ်ကာ ၁၀၅ မိုင်ကဲ့သို့ ယာဉ်ရပ်နားစခန်းမျိုး ဖြစ် လာနိုင်ကြောင်း၊ ကျောက်မဲမြို့နေ ကန်ထရိုက်တာကိုသားဇော်က ပြော သည်။
.
အဆိုပါ ယာဉ်ရပ်နားစခန်းအား လာမည့် ဖေဖော်ဝါရီလမကုန်မီ ဖွင့် လှစ်နိုင်ရန် ဆောင်ရွက်လျက် ရှိ ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)