ကျောက်မဲတွင် မြို့နယ်ပြည်ခိုင်ပါတီကော်မတီဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, December 23, 2019

ကျောက်မဲတွင် မြို့နယ်ပြည်ခိုင်ပါတီကော်မတီဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာအုပ်စု၊ ဝေလုံကျေးရွာနေ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဦးစိုင်းဌေးအောင်သည် ယနေ့ ဒီဇင်ဘာလ ၂၃ ရက်၊ ညနေပိုင်းက အမည်မသိလက်နက်ကိုင်များ၏ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။
.
 
.
ဦးစိုင်းဌေးအောင်သည် ဒီဇင်ဘာလ ၂၃ ရက်၊ ညနေ ၃ နာရီခွဲအချိန်ခန့်က တစ်ရွာတည်းနေ မိခင်ဖြစ်သူ၏ နေအိမ် ရှေ့တွင် ပန်းရန်လုပ်ရန် ဗြုန်းဖျော်နေစဉ် အမည်မသိ လက်နက်ကိင် ၂ ဦးမှ ဌေးအောင်ဆိုတာ မင်းလား ဟုမေးပြီး နောက် ဌေးအောင်ဆိုရင် ပစ်တယ်ဟုဆိုကာ ၎င်း၏ဇနီးရှေ့တွင် သေနတ်ဖြင့် ၁၀ ချက်ခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဦးစိုင်းဌေးအောင် ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ လူသတ်မှု ကျူးလွန်သူ အမည်မသိ အမျိုးသား ၂ ဦးအား ကျောက်မဲမြို့မရဲစခန်းမှ (ပ)၁၇၈/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်လှစ်စုံစမ်းဆောင်ရွက်လျက်ရှိပြီး အခင်းဖြစ်နေရာမှ တွေ့ရှိရသည့် LUGER အမျိုးအစား ၉ မမ ကျည်ခွံ ၁၀ တောင့်အား ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ ကြောင်း သိရသည်။
.
အဆိုပါ မိုင်းတင်းကျေးရွာမှ အုပ်ချုပ်ရေးမှူး စိုင်းထွန်းရင်နှင့် အခြားသူ၂ ဦးသည်လည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်က ကျောက်မဲမြို့ပေါ် အမှတ်(၈) ရပ်ကွက် ရှိ စားသောက်ဆိုင်တွင် ရှိနေစဉ် အမည်မသိ လက်နက်ကိုင်များ၏  ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရဖူးကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats