ကလောတွင် ချဲထီဒိုင် အမျိုးသမီးအား ဖမ်းဆီး - Kanbawza Tai News

Breaking

Boxed(True/False)

Monday, December 30, 2019

ကလောတွင် ချဲထီဒိုင် အမျိုးသမီးအား ဖမ်းဆီး

မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် ယနေ့ ဒီဇင်ဘာလ ၃၀ ရက် မွန်းလွဲ ၂ နာရီခွဲက ချဲဒီဒိုင်အမျိုးသမီးတစ်ဦးကို ချဲထီနှင့်ပတ်သက်သည့် အထောက်အထားများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ကလောမြို့မရဲစခန်းမှ သိရသည်။
.
.
လောင်းကစားသတင်းအရ ကလောမြို့နယ်ရဲတပ်ဖွဲဝင်များသည် ရှာဖွေဝရမ်းနှင့်အတူ ကလောမြို့နယ်၊ လွယ်အံ ကျေးရွာအုပ်စု၊ အရှေ့ကျောက်တန်းကျေးရွာနေ မဝင်းဝင်းလွင် (ခ) မကုလားမ (၃၅နှစ်) ၏အိမ်သို့ဝင်ရောက်ရှာဖွေရာမှ ချဲထီလောင်းကစားသည့် အထောက်အထား ၁၄ မျိုး၊ ငွေစက္ကူရောရာ ကျပ် ၂၉၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ တရားမဝင်ချဲထီလောင်းကစားဒိုင်လုပ်ဆောင်သူ မဝင်းဝင်းလွင် (ခ) မကုလားမ အား ကလောမြို့မရဲစခန်းမှ (ပ)၈၅/၂၀၁၉၊ လောင်းကစား ဥပဒေ ပုဒ်မ ၁၈(က)/ ၁၉(က) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)