မုံရွာတွင် လူသတ်မှု ကျူးလွန်ခဲ့သူအား ကလော၌ ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Saturday, December 28, 2019

မုံရွာတွင် လူသတ်မှု ကျူးလွန်ခဲ့သူအား ကလော၌ ဖမ်းမိ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် ဒီဇင်ဘာလ ၂၅ ရက်က မသင်္ကာမှုဖြင့် ဖမ်းဆီးထားသည့် တရားခံအား စစ်ဆေးမှုအရ မုံရွာတွင် လူသတ်မှု ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ကလောမြို့မရဲစခန်းမှ သိရသည်။
.


.
ကလောမြို့၊ အမှတ် (၅) ရပ်ကွက်၊ မီးပွိုင့်လမ်းဆုံတွင် ဒီဇင်ဘာလ ၂၅ ရက်၊ ည ၈ နာရီခွဲခန့်က မသင်္ကာဖွယ် အမျိုးသား တစ်ဦးအား တွေ့ရှိရသဖြင့် စစ်ဆေးရာ မှတ်ပုံတင်နှင့် လူ ကိုက်ညီခြင်းမရှိသည်ကို တွေ့ရသဖြင့် ရဲစခန်း သို့ ခေါ်ယူစစ်ဆေးရာမှ မုံရွာတွင် အမျိုးသမီးတစ်ဦးအား သတ်ဖြတ်ခဲ့သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု ကလောမြို့နယ် ဒုရဲတပ်ဖွဲ့မှူး ဒုရဲမှူး လှနိုင်က ပြောသည်။
.
“ပထမတော့ခိုးမှုကို မင်္သကာလို့ မှတ်ပုံတင်ကလည်း သူနဲ့မတူလို့ စစ်မေးရင်း မုံရွာမှာ အမျိုးသမီးတစ်ဦးကို ချိန်းတွေ့ရင်း သတ်ခဲ့တာ ပေါ်ပေါက်လို့ ယင်းမာပင်အပိုင်ရဲစခန်းကို လွှဲပြောင်းပေးအပ်လိုက်ပါပြီဟု ကလော ခေတ္တစခန်းမှူး ဒုရဲမှူး လှနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အမှုမှ တရားခံဖြစ်သူ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ငှက်ပျောကျွန်းကျေးရွာအုပ်စု၊ ခတ္တိယ ကျေးရွာနေ ဖြိုးသီဟ (ခ) မင်းခန့် (၂၂ နှစ်) သည် လွန်ခဲ့သော ရက်သတ္တ တစ်ပါတ်က မုံရွာမြို့နေ အသက် ၃၈ နှစ် အရွယ် အမျိူးသမီးတစ်ဦးနှင့် အွန်လိုင်းတွင် ချစ်ကြိုက်ခဲ့ပြီး မုံရွာမြို့သို့ရောက်ရှိကာ မုံရွာမြို့အနောက်ဘက် သံတံတား အကျော် ရွှေတောင်ဦးဘုရားအနီးတွင် ချိန်းတွေ့စဉ် လည်ပင်းညှစ်သတ်ခဲ့ခြင်းဖြစ်ပြီး ယင်းအမျိုးသမီးပိုင် နားဆွဲ၊ ဆိုင်ကယ်နှင့် ဖုန်းတို့ကို ယူဆောင်ကာ မုံရွာမြို့တွင် ပေါင်နှံ‌ေရာင်းချပြီး ကလောမြို့နယ်သို့ ထွက်ပြေးလာစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ တရားခံမှာ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့မရဲစခန်းမှ (ပ)၂၂၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အမှုဖြင့် အလိုရှိသော တရားခံဖြစ်ကြောင်း သိရှိရပြီးနောက် ဒီဇင်ဘာလ ၂၆ ရက်၊ ညနေပိုင်းတွင် ကလောမြို့မရဲစခန်းမှ ယင်းမာပင်မြို့မရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)