ညောင်ရွှေတွင် အင်းလေးကန် တိရစ္ဆာန်ဘေးမဲ့တော စီမံချက်ရေးဆွဲရေး ကနဦးဆွေးနွေးမှုများ ပြုလုပ် - Kanbawza Tai News

Breaking

Monday, December 2, 2019

ညောင်ရွှေတွင် အင်းလေးကန် တိရစ္ဆာန်ဘေးမဲ့တော စီမံချက်ရေးဆွဲရေး ကနဦးဆွေးနွေးမှုများ ပြုလုပ်


စုလှိုင်
.
အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောဥယျာဉ် စီမံအုပ်ချုပ်မှု စီမံချက်ရေးဆွဲရေး အထောက် အကူပြုကနဦးဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၈ ရက်က ညောင်ရွှေမြို့ ရှိ နန္ဒဝန်ဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
အဓိက  ကတော့ အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ရေးဆွဲတဲ့အခါမှာ အားလုံးဆီက အသံမျိုး တွေနဲ့ အမှန်တကယ် လုပ်ငန်းလုပ် တဲ့အခါမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပေါင်းစပ်ပြီး ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပါတယ်။ ဘေးမဲ့တောတင် မဟုတ်ဘဲ အင်းလေးကန် ရေရှည်တည်တံ့ခိုင်မြဲရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ကောင်းမွန်ရေးကို စဉ်ဆက်မပြတ် ရေရှည် လုပ်ဆောင်သွား နိုင်ဖို့အတွက် ပူးပေါင်းပါ ဝင်ဆောင်ရွက်ကြစေလို ပါတယ်ဟု အင်းလေးကန် တော ရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပရေးမှူး ဦးစိန်ထွန်းက ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
အင်းလေးကန်တိရစ္ဆာန်ဘေးမဲ့ တောတည်ထောင်ရေးနှင့် ပတ်သက် ၍ စီးပွားရေးစစ်တမ်း ကောက်ယူ ခြင်း၊ ဇီဝမျိုးစုံ စစ်တမ်းကောက်ယူ ခြင်း၊ ဒေသခံပြည်သူလူထုတွေ့ဆုံ ပွဲများကို တစ်နှစ် ၃ ကြိမ် ပြုလုပ်သွား မည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် အ စီအစဉ်များကို ထပ်မံတိုးချဲ့လုပ် ဆောင်သွားမည် ဖြစ်ကြောင်း ၎င်း ထံကသိရသည်။
.
ဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အင်းသားတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်း လှိုင်၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ် စားလှယ်များဖြစ်သော ဦးခင်မောင်ဝင်း၊ ဦးသိန်းဇော်မိုး၊ ရှမ်းပြည်နယ် သစ်တောဦးစီးဌာနမှ ဦးအောင်မြ၊ အင်းလေးကန် တိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးစိန်ထွန်း၊ ဌာနဆိုင် ရာတာဝန်ရှိသူများ၊ အင်းလေးကန် ဒေသခံများ၊ တောင်ကြီးတက္ကသိုလ် သတ္တဗေဒဌာနမှ ဆရာ/ဆရာမ များနှင့် ကျောင်းသား/သူများတက် ရောက်ခဲ့ကြောင်း သိရသည်။
.
အင်းလေးကန်သည် မြစ်ကြီးနားခရိုင်ရှိ အင်းတော်ကြီးကန်ပြီးနောက် မြန်မာနိုင်ငံ၏ ဒုတိယမြောက် အကြီးဆုံး ကန်ဖြစ်ပြီးတောင်နှင့်မြောက် တန်းလျက်ရှိသော တောင်တန်းကြီး ၂ ခုကြားတွင် ခွက်ဝင်နေသော ညောင်ရွှေချိုင့်ဝှမ်းကြီး၏ အလယ် အနက်ရှိုင်းဆုံးအပိုင်း၌ တည်ရှိသည်။
.
အင်းလေးကန် ဒေသအတွင်း ဆောင်းခိုငှက်များနှင့် ၎င်းတို့နေထိုင် ကျက်စားရာ နေရာများကို ထိန်းသိမ်းရန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို တည်ထောင်ခြင်းဖြစ်ကြောင်း သိရသည်။ အင်းလေးကန် ဒေသကို  ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေ အနှစ် ဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ဇီဝအဝန်းနယ်မြေ (Bioshpere Reserve)အဖြစ် ယူနက်စကို၊ လူသားနှင့် ဇီဝအဝန်းနယ်မြေ အစီအစဉ် အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင် ရွက်မှုကော်မတီ၏ (၂၇)ကြိမ် မြောက် အစည်းအဝေးက အတည်ပြု သတ်မှတ်ခဲ့သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats