စိုင်းရာဇာ
.
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် သွားရောက်တရားရင် ဆိုင်မည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်း လူထုလှုပ်ရှားမှု ကို ရှမ်းပြည်နယ်၏
မြို့တော် တောင် ကြီးနှင့် တာချီလိတ်မြို့တို့တွင် လာ မည့် ဒီဇင်ဘာလ ၁၀ ရက်၌
ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရ သည်။
.
.
OIC ကိုယ်စား ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားသည့်
လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်နှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံ
ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင် ဘာလ ၁၀ ရက်တွင် နယ်သာလန်နိုင်ငံ၊
သည်ဟိတ်ဂ်မြို့သို့ သွားရောက် ရင်ဆိုင်ရမည် ဖြစ်သည်။
“OIC ကနေ မြန်မာနိုင်ငံကို
တရားစွဲဆိုထားတဲ့အပေါ်မှာ မြန်မာ ပြည်သူလူထုအနေနဲ့ အမျိုးသားရေး စိတ်ဓါတ်နဲ့
ပတ်သက်ပြီးတော့ လက် မခံနိုင်ပါဘူး။ လူမျိုးသုဉ်းသတ်ဖြတ် မှုကို မြန်မာနို်င်ငံက
ပြုလုပ်ထားခြင်း မရှိပါဘူး။ ဒီလိုတရားစွဲဆိုမှုကို နို်င်ငံ သား တစ်ယောက် အနေနဲ့
လုံးဝ လက်မခံနိုင်ပါဘူး။ ဒါကြောင့် ဝန်းရံ တာပါ”ဟု
တောင်ကြီးထောက်ခံပွဲ အားဦးဆောင်သူ ဒေါ်ဝင်းဝင်းနွယ် က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထိုသို့ ထောက်ခံပွဲ ပြုလုပ်ရာတွင်
တောင်ကြီးမြို့၊ မြကန်သာအဝိုင်းပတ်၌ လူစုကာ ဗိုလ်ချုပ်ပန်းခြံ အထိ လူဦးရေ ၃၀၀၀
ဖြင့် ချီတက် သွားမည်ဖြစ်ပြီး တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်၊ လွိုင်လင်၊ ကလောဒေသ
များမှ ပြည်သူများ၊ CSO အဖွဲ့အ စည်းများ၊ ဘာသာပေါင်းစုံ
အဖွဲ့များ ပူးပေါင်း ပါဝင်ချီတက်ကြမည်ဖြစ် ကြောင်း သိရသည်။
.
ထို့အတူ တာချီလိတ်ထောက် ခံပွဲတွင်
ဦးဆောင်ပါဝင်သူ ဦးမျိုးမင်း သိန်းကလည်း “တာချီလိတ်မြို့၊
ဘုရင့်နောင်စျေး အပေါ်ထပ် ခန်းမ ဆောင်မှာ ပြုလုပ်သွားမှာ ဖြစ်ပါ တယ်။ နိုင်ငံတော်
အတိုင်ပင်ခံပုဂ္ဂိုလ် နယ်သာလန်ကို သွားရောက်မယ့် ဒီ ဇင်ဘာ ၁၀ ရက်မှာ ပြုလုပ်ဖို့
ရည် ရွယ်ထားပါတယ်” ဟု ပြောသည်။
.
တာချီလိတ်မြို့ ထောက်ခံပွဲ၌ အစိုးရဝန်ထမ်းများလည်း
ပါဝင်နိုင် ရန်အတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ထံ ခွင့်ပြုမိန့်
တောင်းခံထားကြောင်း သိရသည်။
.
ဘင်္ဂါလီများကို လူမျိုးတုန်းသတ် ဖြတ်သည် ဟူသော
စွပ်စွဲချက်ဖြင့် OIC ကိုယ်စား အာဖရိက နိုင်ငံငယ်
တစ်ခုဖြစ်သည့် ဂမ်ဘီယာက မြန်မာ နိုင်ငံကို နိုင်ငံတကာရာဇဝတ်မှု တ ရားစီရင်ရေးရုံး
- ICJ တွင် တိုင်ကြား ထားခြင်းဖြစ်သည်။
.
No comments:
Post a Comment