သီပေါတွင် ၃ လောင်းပြိုင်လူသတ်မှု ဖြစ်ပွား - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, December 28, 2019

သီပေါတွင် ၃ လောင်းပြိုင်လူသတ်မှု ဖြစ်ပွား


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ကုံးမုံးကျေးရွာတွင် ယနေ့ ဒီဇင်ဘာလ ၂၈ ရက်၊ နံနက်ပိုင်းက ၃ လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.

.
သီပေါမြို့မှ အရှေ့တောင်ဘက် ၁၈ မိုင်ခန့်အကွာ သီပေါ-လားရှိုးသွား ပြည်ထောင်စုလမ်းမကြီးဘေး၊ မိုင်တိုင်အမှတ် ၁၄၈/၃ အနီး ကျွန်းတောတွင် မူးယစ်ဆေးဝါး သုံးစွဲသူ ၃ ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ သီပေါမြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့မရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ တပ်မတော်စစ်ကြောင်းတို့မှ သွားရောက်ကြည်ရှုစစ်ဆေး ခဲ့ပြီး သေဆုံးသူများကို နယ်စည်းမခြားလူမှုရေးအသင်းမှ ကားများဖြင့် သီပေါဆေးရုံသို့ သယ်ဆောင်ခဲ့ကြောင်း သိရသည်။
.
သေဆုံးသူများမှာ အသက် ၂၀ ဝန်းကျင်ခန့် အမျိုးသားတစ်ဦး၊ ဦးခေါင်းဒဏ်ရာတစ်ချက်၊ အသက် ၂၅ နှစ်ခန့် အမျိုးသား တစ်ဦး ဝဲဘက်နံစောင်း ဒဏ်ရာတစ်ချက်နှင့် အသက် ၄၀ ခန့် အမျိုးသားတစ်ဦး၊ ဦးခေါင်းဒဏ်ရာ တစ်ချက် တို့ဖြင့် သေဆုံးနေခြင်းဖြစ်ကာ သေဆုံးသူများ၏ အမည်နှင့် နေရပ်လိပ်စာများကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
.
၎င်းတို့သေဆုံးနေသည့်နေရာမှာ ကုံးမုံကျေးရွာနှင့် အခြားနေရာများမှ လာရောက်ကာ မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသည့် နေရာဖြစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲသူများမှ ဖြတ်သန်းသွားလာသော ယာဉ်များအား လုယက်ခြင်း၊ ခဲဖြင့်ပေါက်ခြင်းများ မကြာခဏပြုလုပ်တတ်ခြင်းကြောင့် အဆိုပါနေရာသို့ တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့မှ ပူးပေါင်းကာ မကြာခဏ သွားရောက်ဖမ်းဆီးခြင်းများပြုလုပ် နေသည့် နေရာဖြစ်ကြောင်းသိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)