ဟိုပုံးတွင် ခွေးလေခွေးလွင့်များ သောင်းကျန်းနေသော်လည်း စည်ပင်မှ ခေါင်းရှောင်နေ - Kanbawza Tai News

Breaking

Boxed(True/False)

Friday, December 20, 2019

ဟိုပုံးတွင် ခွေးလေခွေးလွင့်များ သောင်းကျန်းနေသော်လည်း စည်ပင်မှ ခေါင်းရှောင်နေ


နန်းဝင်းရီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် ခွေးလေခွေးလွင့်များ သောင်းကျန်းနေသော်လည်း စည် ပင်သာယာရေးဌာနမှ တာဝန်ယူဖြေ ရှင်းပေးမှုမရှိဘဲ ခေါင်းရှောင်နေသည် ဟု ဒေသခံများထံမှ သိရသည်။
.
.
“ကျွန်မတို့ ဟိုပုံးမြို့အနောက် ရပ်ကွက် ပြည်နယ်လွတ်တော်ကိုယ် စားလှယ် အိမ်အနီးတစ်ဝိုက်နဲ့ စစ် ဘက်ရေးရာ လုံခြုံရေးရုံး အနီးတစ် ဝိုက်တွေမှာ ခွေးလေခွေးလွင့်တွေ သောင်းကျန်းနေတာ  ဆွမ်းခံတဲ့ ကိုယ် တော်တွေ၊ ကျောင်းသွား/ကျောင်း ပြန်ကလေးတွေနဲ့ လမ်းသွားလမ်း လာတွေကို လိုက်ကိုက်နေပါတယ်။ တာဝန်ရှိတဲ့ စည်ပင်ကလည်း ရပ် ကွက်ထဲ အိမ်ဆောက်ပြီ၊ အဆောက် အဦ တိုးချဲ့ပြီဆိုရင် ရောက်လာ တယ်။ ဒါမျိုးဆိုရင် မမြင်ချင်ယောင် ဆောင်နေပါတယ်”ဟု ဟိုပုံးမြို့နေ ဒေသခံတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဟိုပုံးမြို့နယ်စည်ပင်သာယာရေးဌာ နရုံးဖုန်းသို့ ကမ္ဘောဇတိုင်းမှ ဆက် သွယ်မေးမြန်းရာ ဖုန်းလက်ခံဖြေ ကြားသူ အမျိုးသမီးတစ်ဦးက “အဲ ဒါက ခွေးလေခွေးလွင့်မှ မဟုတ်တာ။ ရပ်ကွက်ကလူတွေ ကျွေးထားတာပါ။ အဲဒီလမ်းမှာနေတဲ့လူတွေ ကျွေးထား တဲ့ ခွေးတွေပါ။ စည်ပင်နဲ့ မဆိုင်ပါ ဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက် က အဆိုပါ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နေအိမ်အနီးတွင် ခွေးလေခွေးလွင့်များ လိုက်လံကိုက် သောကြောင့် ဆိုင်ကယ်မောင်းနှင် လာသူတစ်ဦး ဆိုင်ကယ်လဲကာ ခြေ ထောက်ကျိုးမှု ဖြစ်ပွားခဲ့ဖူးပြီး ဒီဇင် ဘာလ ၁၅ ရက်အထိ အဆိုပါ ခွေး လေခွေးလွင့်များအား သက်ဆိုင်ရာ ဌာနမှ ရှင်းလင်းမှု မရှိသေးကြောင်း သိရသည်။
.
“ခွေးကိုက်ပြီဆိုရင် သူ့ခွေး မ ဟုတ်ဘူး၊ ငါ့ခွေး မဟုတ်ဘူး ဆိုပြီး ဖြစ်ကြတယ်။ ဘယ်သူမှ တာဝန်ယူမှု မရှိဘူး။ တာဝန်ရှိသူတွေ အနေနဲ့ ခွေးလေ ခွေးလွင့်တွေကို ရှင်းလင်း ပေးစေလိုပါတယ်”ဟု ဒေသခံတစ်ဦး က ပြောသည်။
.
၂၀၁၃ ခုနှစ်၊ ရှမ်းပြည်နယ်စည် ပင်သာယာရေးဥပဒေ၊ အခန်း (၅)၊ လုပ်ငန်းတာဝန်များ၊ ပုဒ်မ ၁၇၊ ပုဒ် မခွဲ(မ)တွင် မြို့နယ်စည်ပင်သာယာ ရေး ကော်မတီသည် စည်ပင်သာယာ ရေး နယ်နိမိတ်အတွင်း သတ်မှတ် တိရစ္ဆာန်များ ထားရှိခြင်း၊ မွေးမြူခြင်း တို့နှင့် စပ်လျဉ်း၍ ခွင့်ပြုခြင်းနှင့် လေ လွင့်သွားလာနေသော တိရစ္ဆာန်များ ကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ စီမံခန့်ခွဲ ခြင်း၊ တိရစ္ဆာန် အသေကောင်များကို သုတ်သင် ရှင်းလင်းခြင်းတို့ကို တည် ဆဲဥပဒေ၊ စည်းကမ်းများနှင့် အညီ အကောင်အထည်ဖော် ဆောင်ရွက် ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းများဆောင် ရွက်ရမည်ဟု  ပြဌာန်း ဖော်ပြထား သည်။
.
ထို့အပြင် ယင်းဥပဒေ အခန်း (၁၇) တားမြစ်ချက်များ၊ ပုဒ်မ ၇၄၊ ပုဒ်မခွဲ (က) တွင် မည်သူမျှ စည်ပင် သာယာရေး နယ်နိမိတ်အတွင်း မြို့ နယ် စည်ပင်သာယာရေးကော်မတီ ၏ ခွင့်ပြုချက်မရှိလျှင် သို့မဟုတ် ခွင့် ပြုချက်ပါ တားမြစ်ချက်များနှင့် ဖြစ် စေ ထုတ်ပြန်ထားသည့် စည်းကမ်း၊ အမိန့်များနှင့် ဖြစ်စေ ညီညွတ်မှု မရှိ လျှင် တိရစ္ဆာန်များထားရှိခြင်း၊ မွေးမြူ ခြင်းမပြုရဟု ပြဌာန်းသတ်မှတ်ထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)