ရှမ်းပြည်နယ်အတွင်း တရားမဝင် ဝင်ရောက်နေထိုင်သော တရုတ်နိုင်ငံသား ၅ဝဝ ကျော်အား အရေးယူထား - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Thursday, December 26, 2019

ရှမ်းပြည်နယ်အတွင်း တရားမဝင် ဝင်ရောက်နေထိုင်သော တရုတ်နိုင်ငံသား ၅ဝဝ ကျော်အား အရေးယူထား


စိုင်းရာဇာ
.
ရှမ်းပြည်နယ်အတွင်း ခွင့်ပြု ချက် တစ်စုံတစ်ရာ မရှိဘဲ တရားမ ဝင် ဝင်ရောက်နေထိုင်သော တရုတ် နိုင်ငံသား များပြားလာနေပြီး ယင်း တို့အနက် တရုတ်နိုင်ငံသား ၅၀၀ ဦး ကျော်အား အရေးယူထားကြောင်း သိရသည်။
.

.
၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ ရှမ်း ပြည်နယ်အတွင်းသို့ ခွင့်ပြုချက် တစ် စုံတစ်ရာ မရှိဘဲ တရားမဝင် ဝင် ရောက်လာသော တရုတ်နိုင်ငံသား ၅၁၄ ဦး ရှိကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့၊  ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးက ပြောသည်။
.
တရားမ ဝင် ဝင်ရောက်နေထိုင်သည့် တရုတ် နိုင်ငံသားများနှင့် သတ္တုတူးဖော်လုပ် ကိုင်နေသော တရုတ်နိုင်ငံသားများ နှင့် ပတ်သက်၍ မိုင်းတုံမြို့နယ် မဲ ဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဆန်း ဝင်းအောင်(ခ) ဦးအောင်အောင်က ရှမ်းပြည်နယ်လွှတ်တော်တွင် ကြယ် ပွင့်ပြမေးခွန်း မေးမြန်းရာ၌ ပြည် နယ်ဝန်ကြီးက ယင်းကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
.
တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေရဲ့ စာရင်းကို ရပ်ကွက်၊ ကျေးရွာအုပ်စု၊ အုပ်ချုပ် ရေးအဖွဲ့တွေ၊ စီမံခန့်ခွဲမှု ကော်မတီ နဲ့ ဌာနဆိုင်ရာတွေက ပူးပေါင်းစုံ စမ်းဖော်ထုတ်မှု စာရင်းကောက်ယူ ပြီး ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင် မှုကြီးကြပ်ရေး လတ်တလောပြဌာန်း ချက်များ အက်ဥပဒေပုဒ်မ ၁၃ (၁)နဲ့ အရေးယူဆောင် ရွက်လျက်ရှိပါ တယ်” ဟု ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးက ပြောသည်။
.
ရှမ်းပြည်နယ်အတွင်း ဒေသဖွံ့ ဖြိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဆက်သွယ်ရေး၊ ရေအားလျှပ်စစ် စီမံကိန်း အစရှိသည့် လုပ်ငန်းများ ဖြင့် တရားဝင် လာရောက်လုပ်ကိုင် နေသော တရုတ်နိုင်ငံသား ၆၈၃ ဦး ရှိကြောင်း သိရသည်။ 
.
ရှမ်းပြည်နယ်၏ မြို့တော်ဖြစ် သော တောင်ကြီးမြို့အပါအဝင် မြို့ အများစုတွင် တရုတ်နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင် အများစု  ရှိ နေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats