လူတိုင်းအတွက် စံချိန်စံညွှန်းပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှု ရရှိခံစားစေရန်နှင့် HIV ပိုးကူးစက်မှု တားဆီး ကာကွယ်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားရန် ပြည်နယ်ဝန်ကြီးချုပ် တိုက်တွန်း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Monday, December 2, 2019

လူတိုင်းအတွက် စံချိန်စံညွှန်းပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှု ရရှိခံစားစေရန်နှင့် HIV ပိုးကူးစက်မှု တားဆီး ကာကွယ်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားရန် ပြည်နယ်ဝန်ကြီးချုပ် တိုက်တွန်း


မောင်မောင်သန်း (တောင်ကြီး)
.
လူတိုင်း အတွက် စံချိန်စံညွှန်းကိုက်ညီသော အရည်အသွေးမီ ကျန်းမာရေးဝန်ဆောင်မှုများကို ရရှိခံစားစေရန်နှင့် အိပ်ချ်အိုင်ဗွီကူးစက်မှု တားဆီးကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ပိုမိုတိုးမြှင့် ဆောင်ရွက်သွားကြရန် လိုကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က တိုက်တွန်းပြောကြားခဲ့သည်။
.
.
၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာလ ၁ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင်ကျင်းပရာ အဆိုပါအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ကမ္ဘာခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက် ရေးနေ့အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည့် “Communities make the difference” “အေအိုင်ဒီအက်စ် ရောဂါ ကင်းဝေးရေးလူထု အားလုံးပါဝင်ပေးနှင့်အညီ အိပ်ချ်အိုင်ဗွီကူးစက်မှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက် ရေးလုပ်ငန်းများတွင် သက်တူရွယ်တူ ကျန်းမာစောင့်ရှောက်မှုပေးသူများ၊ ကွန်ယက်အဖွဲ့များ၊ ဦးတည်အုပ်စုဝင်များ၊ အမျိုးသမီး၊ လူငယ်၊ လူထုကျန်းမာရေးလုပ်သားများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ အိပ်ချ်အိုင်ဗွီအရေး တက်ကြွ လှုပ်ရှားသူများအစရှိသော လူထုအားလုံးပါဝင်ပြီး လူတိုင်း အတွက် စံချိန်စံညွှန်းကိုက်ညီသော အရည်အသွေးမီ ကျန်းမာရေးဝန်ဆောင်မှုများကို ရရှိခံစားစေရန်နှင့် အိပ်ချ်အိုင်ဗွီကူးစက်မှု တားဆီးကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ပိုမိုတိုးမြှင့်ဆောင်ရွက်သွားကြရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
.
ဆက်လက်၍ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်က အမျိုးသားခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်ဆိုင်ရာလုပ်ငန်းများအား ရှင်းလင်းပြောကြားပြီး၊ ပြည်နယ်ခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမင်းယုအောင်က ရှမ်းပြည်နယ် (တောင်ပိုင်း)အတွင်းဆောင်ရွက်ခဲ့သော ခုခံကျကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်လုပ်ငန်းများအား ရှင်းလင်းတင်ပြကာ ခန်းမအပြင်ဘက်တွင် ပြသထား သောပြခန်းများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိသူများအား ရှင်းလင်းလိုက်လံ ပြသကြည့်ရှုကြကြောင်း သိရရှိသည်။
.
မြန်မာနိုင်ငံအနေဖြင့် အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါကြောင့် သေဆုံးသွားသူများကို အမှတ်ရစေရန် ကျန်းမာရေး ဝန်ထမ်းများ၊ ပြည်တွင်းပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အိပ်ချ်အိုင်ဗွီပိုး ရှိသူများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက နိုးကြားတက်ကြွသောစိတ်ဓါတ်များနှင့် ပူးပေါင်းပါဝင်ပြီး ခုခံအားကျဆင်းမှု ကူးစက်ရောဂါကို ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်မှ လုံးဝကင်းစင်ပပျောက်သွားသည်အထိ ကြိုးပမ်းဆောင်ရွက်သွားရန်ဆိုသည့် ရည်ရွယ်ချက် များဖြင့် အဆိုပါ အခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats