မြေမြုပ်မိုင်း သုံးစွဲခြင်း မပြုရန် ဂျာမဏီသံအမတ် တိုက်တွန်း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Tuesday, December 3, 2019

မြေမြုပ်မိုင်း သုံးစွဲခြင်း မပြုရန် ဂျာမဏီသံအမတ် တိုက်တွန်း


မင်းဇော်မင်း
.
မြေမြုပ်မိုင်းသုံးစွဲမှုကို တားမြစ် ရေးအတွက် မြန်မာအစိုးရနှင့် လက် နက်ကိုင်များ ပူးပေါင်းဆောင်ရွက်ကြ ရန် တိုက်တွန်းကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဂျာမဏီသံအမတ်ကြီး သော် မတ်စ်နိုင်ဇင်ဂါက ပြောကြားခဲ့သည်။
.
.
သံအမတ်ကြီးသည် ရှမ်းပြည် နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့သို့ ရောက်ရှိနေစဉ် နိုဝင်ဘာလ ၂၆ ရက် က သီပေါ မြို့၌ မြေမြုပ်မိုင်းထိမှန် သေဆုံးခဲ့သည့် ဂျာမဏီနိုင်ငံသား Tim Geibler နှင့် ပတ်သက်၍ ဝမ်းနည်းကြောင်း ကြေညာချက် ထုတ် ပြန်ရာတွင်လည်း ယင်းကဲ့သို့ ဖော်ပြ ထားခဲ့သည်။
.
ရှမ်းပြည်နယ်မှာရော မြန်မာနိုင်ငံမှာသာမက တစ်ကမ္ဘာလုံးမှာ မြေ မြုပ်မိုင်းကြောင့် အသက်ဆုံးရှုံးရသူ များစွာ ရှိနေပါတယ်။ ဒါကြောင့် မြေ မြုပ်မိုင်း အသုံးပြုမှုကို နေရာတိုင်းမှာ တားမြစ်ဖို့ လိုအပ်နေပါတယ်။ မြေ မြုပ်မိုင်း အသုံးပြုမှုတားမြစ်ရေး အ တွက် မြန်မာအစိုးရနဲ့တကွ လက် နက်ကိုင်အဖွဲ့တွေ ပူးပေါင်းဆောင် ရွက်ကြဖို့ အထူးပင်မေတ္တာရပ်ခံ လို ပါတယ်ဟု သံအမတ်ကြီးက ပြောသည်။
.
သီပေါမြို့နယ်၊ ပန်ညောင်ကျေး ရွာနှင့် ကွန်ဟောက်ကျေးရွာ အကြား တွင် ၂၀၁၉ ခုနှစ်၊ နို်ဝင်ဘာလ ၂၆ ရက်၊ မွန်းလွဲပိုင်းက သီပေါမှ နမ့်ဆန် သို့ ဆိုင်ကယ်ဖြင့် လည်ပတ်ရန်သွား ရောက်သည့်  ဂျာမဏီနိုင်ငံသား Tim Geibler နှင့် အာဂျင်တီးနားနိုင် ငံသူ Maria Delcarmen Piombo တို့ ၂ ဦး မြေမြုပ်မိုင်းထိ မှန်ရာမှ Tim Geibler သေဆုံးခဲ့ပြီး Maria Delcarmen Piombo ကိုလည်း လက်နက်ကိုင်တစ်ဖွဲ့က ခြောက် လှန့်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းနှင့် ပတ် သက်၍ ၎င်းမှယင်းကဲ့သို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။
.
ထို့အတူ ၂၀၁၆ ခုနှစ်၊ ဧပြီလ အတွင်းက ကျောက်မဲမြို့နယ်တွင် ဂျာမဏီခရီးသွားတစ်ဦး မြေမြုပ်မိုင်း ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွား ခဲ့ဖူးကြောင်း ကျောက်မဲခရိုင် လူမှုကူ ညီရေးအသင်းများထံက သိရသည်။
.
ကမ္ဘာတစ်ဝှမ်းတွင် မြေမြုပ်မိုင်း ကြောင့် ထိခိုက်မှုအများဆုံးနိုင်ငံများ စာရင်းတွင် အာဖဂန်နစ္စတန်၊ ဆီးရီးယားနှင့် ယီမင်တို့နောက်၌ မြန်မာနိုင်ငံက ရပ်တည်နေကြောင်း မြေ မြုပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့၏ ၂၀၁၉ ခုနှစ် အစီရင် ခံစာတွင် ဖော် ပြထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats