e-Government မှသည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Wednesday, December 4, 2019

e-Government မှသည်


ကမ္ဘောဇတိုင်း
.

ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးရက်သတ္တပတ်အတွင်းက ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး) တွင် ရှမ်းပြည်နယ် အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား e-Government အထောက်အကူပြု အခြေခံကွန်ပျူတာသင်တန်း ကို ၅ ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပါသည်။
.
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က e-Government လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံ့ဝန်ထမ်းများမှတစ်ဆင့် ဒေသခံ ပြည်သူများထံ ဆင့်ပွားအသိပညာပေး နိုင်ခြင်းဖြင့် နိုင်ငံတော်မှ ရှေ့ဆက်မည့် လုပ်ငန်းများ အခက်အခဲ မရှိ အဆင်ပြေ ချောမွေ့စွာ ပူးပေါင်းဆောင်ရွက်သွား နိုင်မည် ဖြစ်ပြီး သန့်ရှင်းသောအစိုးရ (Clean Government)၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (Good Govennance) အတွက် များစွာ အထောက်အကူပြုစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
.
e-Government စနစ်ကို ဖော်ဆောင် အကောင်အထည်ဖော်ခြင်းအားဖြင့် အစိုးရ၏ ပြည်သူ့ဝန်ဆောင်မှု လုပ် ငန်းများတွင် ယခုထက် ပိုမို ထိရောက်လျှင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သလို လာဘ်ပေးလာဘ်ယူမှုကိုလည်း အ ထိုက်အလျောက် လျှော့ချနိုင်မည်ဖြစ်သဖြင့် ပြည်နယ်ဝန်ကြီးချုပ် ပြောဆိုခဲ့သကဲ့သို့ Clean GovernmentGood Governance ဆီသို လျှောက်လှမ်းနိုင်မည်မှာ အမှန်ပင် ဖြစ်သည်။
.
e-Government စနစ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် တွင်တွင်ကျယ်ကျယ် ပြောဆိုလာခဲ့သည်မှာ ဆယ်စု နှစ် တစ်ခုမျှ ကြာမြင့်လာခဲ့ပြီ ဖြစ်သည်။ သို့သော် လက်တွေ့အားဖြင့် ထင်သလောက် ခရီးမပေါက်နိုင်သေးသည်မှာ အမှန်ပင် ဖြစ်သည်။
.
ယင်းသို့ စနစ်တစ်ခုကို ကူးပြောင်းရေးမှာ မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် လိုအပ်ချက်က များ ပြားစွာ ရှိနေဆဲ ဖြစ်သည်။ အခြေခံအဆောက်အအုံ လိုအပ်ချက် (Infrastructure)၊ စွမ်းအင်လိုအပ်ချက်၊ လူသားအရင်းအမြစ် စသည့် ပြဿနာများစွာကို ရင်ဆိုင်ဖြတ်ကျော်ရဦးမည်သာဖြစ်သည်။
.
အခြေခံအဆောက်အအုံ လိုအပ်ချက်၊ စွမ်းအင်လိုအပ်ချက်မှာ အားလုံးအသိပင်ဖြစ်သည်။ ဆက်သွယ်ရေး ကွန်ရက်အင်တာနက်လိုင်း လိုအပ်ချက်၊ လျှပ်စစ်ဓါတ်အား လိုအပ်ချက် စသည်ဖြင့် လိုအပ်ချက်ပေါင်းများစွာ ရှိနေသလို လူသားအရင်းအမြစ် လိုအပ်ချက်အနေဖြင့် ပြည်သူတစ်ရပ်လုံးအသာထားကာ လက်ရှိ နိုင်ငံ့ဝန်ထမ်း အားလုံး နည်းပညာကျွမ်းကျင်မှု ရှိရေးကလည်း လိုအပ်ချက် တစ်ရပ် ဖြစ်သည်။
.
ယခုအခါ e-Government စနစ် ဖော်ဆောင်ရေးအတွက် အခြေခံအကျဆုံး အုတ်မြစ်တစ်ခုဖြစ်သော ယူနီကုတ် စနစ်ကို အောက်တိုဘာလ ၁ ရက်မှ စတင်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြောင်းလဲအသုံးပြုနိုင်ခဲ့ပြီ ဖြစ် သည်။ သို့ရာတွင် နည်းပညာ မကျွမ်းကျင်မှုကြောင့် ဖြစ်စေ၊ အခြားသော အမြင်ကျဉ်းမြောင်းမှုများကြောင့် ဖြစ်စေ ယူနီကုတ်စနစ်ကို လိုက်ပါပြောင်းလဲချင်း မရှိဘဲ ပေကပ်ကျန်နေသူများလည်း အများအပြား ရှိနေဆဲ ဖြစ်သည်။
.
e-Government စနစ် ပြောင်းလဲရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဒုတိသမ္မတ ဦးမြင့်ဆွေက e-Government စနစ် အလျှင်အမြန် တိုးတက်အောင်မြင်အောင် အကောင်အထည်ဖော်ရာတွင် အဓိကကျသော အချက် ၃ ချက် ဖြစ်သည့် ကျွမ်းကျင်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တို့ လုပ်ဆောင်မှသာ အောင်မြင်နိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါ အဓိကကျသည့် အချက် ၃ ချက် တွင် ပူးပေါင်းဆောင်ရွက်မှု အပိုင်းကို စတင်လုပ် ဆောင်ရန်နှင့် အစိုးရဌာနအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွား ကြမှသာ အောင်မြင် နိုင်မည် ဖြစ်ပါကြောင်း ပြောဆိုထားသည်။
.
နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု၊ အစိုးရဌာနဆိုင်ရာ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ အစိုးရနှင့် နိုင်ငံသားများ အကြား ပူးပေါင်းဆောင်ရွက်မှုများဖြင့် e-Government စနစ်ကို ဖော်ဆောင်ရမည်ဖြစ်ပါသည်။ ပြည်နယ်ဝန်ကြီးချုပ် ကြီး ပြောကြားခဲ့သလိုပင် Clean GovernmentGood Governance ပန်းတိုင် အောင်မြင်ရေးအ တွက် e-Government စနစ်ကို အားလုံး လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်သွားရမည်သာ ဖြစ်ပါတော့သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats